တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် တောမီးမှတဆင့် နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် တောမီးမှတဆင့် နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်း

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေပိုင်းက တောမီးမှတဆင့် နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၆)၊ မဟာစည်လမ်းသွယ်၊ အမှတ် (၅၀၇) နေ ဦးစန်းယု (၄၆ နှစ်) ၏ နေအိမ်တွင် ညနေ ၄ နာရီခန့်က တောမီးမှတဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ တောင်ကြီးခရိုင်မီးသတ်ဦးစီးမှူး ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ကွပ်ကဲယာဉ် ၁ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း ၂ ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆၄၀၀၀၀ ကျပ်ခန့်ရှိခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု မရှိခဲ့ ကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့ဆမီးမဟုတ်ဘဲ တောမီးမှတဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည့်အတွက် အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About