ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး အလှည့်ကျပေးရန် အစီအစဉ် ရှိ/မရှိ မသိရသေး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး အလှည့်ကျပေးရန် အစီအစဉ် ရှိ/မရှိ မသိရသေး


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့တွင် နွေရာသီကာလများအ တွင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ မသိရှိရသေးကြောင်း တောင် ကြီးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ကြီး ဦးသိန်းဝင်းထံက သိရသည်။
.
.
“လျှပ်စစ်မီး အလှည့်ကျပေးဖို့ ဆိုတာက အခုလောလောဆယ် တော့ မရှိသေးပါဘူး။ နွေရာသီ ရောက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ မသိသေးပါဘူး” ဟု ဦး သိန်းဝင်းက ပြောသည်။
.
“နွေရာသီရောက်ပြီဆိုရင် မီးတ အားပျက်တယ်။ ဒီနှစ်ရော ဘယ်လို လာမလဲ မသိသေးဘူး။ မီးကမလာ၊ ရေက မရှိ။ ချက်ဖို့ပြုတ်ဖို့က အဆင်မ ပြေ၊ တချို့ရက်တွေဆိုရင် အပြင်မှာ ဝယ်စားရတဲ့အခါ လည်းရှိတော့ စီး ပွားရေးက မပြေလည်တဲ့ကြားထဲ အပိုဝင်ငွေ ကုန်ကျရပါတယ်” ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦး က ပြောသည်။
.
ထို့အတူ မိသားစု တစ်ပိုင်တစ် နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးကလည်း “ကျွန်တော်တို့ အလုပ်က မီးမရှိရင် ဘာမှလုပ်လို့မ ရပါဘူး။ မီးစက်နှိုးပြီး လုပ်ဖို့ကျတော့ လည်း ဆီဖိုးနဲ့က မကိုက်ဘူး” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အလှည့်ကျ လျှပ်စစ် မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ် သက်၍ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ရှမ်းပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးကျော်ဝင်း လှိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် လူကြီးလမ်းကြောင်း ရှိနေသည့်အတွက် ဖြေကြားပေးနိုင် ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နွေရာ သီကာလက တောင်ကြီးမြို့တော် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင် ဝန်အားထိန်းညှိခြင်းကာ လအတွင်း လျှပ်စစ်မီး အလှည့်ကျ ပေး စနစ်ဖြင့် လအတန်ကြာကျင့်သုံး ခဲ့ဖူးသည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေး ရွာအုပ်စု ၂၄ အုပ်စုရှိပြီး မြို့နယ်လူ ဦးရေ စုစုပေါင်း ၃၈၉၁၉၁ ဦး ရှိကာ မြို့နယ်လူဦးရေ၏ ၃၅ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်သော ၁၃၇၀၆၈ ဦးမှာ တောင်ကြီးမြို့ ပေါ် ၂၂ ရပ်ကွက် တွင် နေထိုင်ကြခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
.
တောင်ကြီးမြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အ တွက် တောင်ကြီးတွင် ဓါတ်အားခွဲရုံ ၃ ရုံနှင့် အောင်သပြေတွင် ဓာတ်အား ခွဲရုံ ၂ ရုံ၊ နောင်ကားတွင် ဓာတ်အား ခွဲရုံ ၁ ရုံတို့ဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)