တောင်ကြီးနှင့် လွိုင်လင်ခရိုင်တွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, February 26, 2020

တောင်ကြီးနှင့် လွိုင်လင်ခရိုင်တွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည်


မောင်မောင်သန်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်းရှိ သတ်မှတ်မြို့နယ်များတွင် မြန်မာစာ မတတ်သူ မည်သူမဆို အ ခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အတွက် ဧပြီလဆန်းတွင် အခြေခံ မြန်မာစာနှင့် အခြေခံ သင်္ချာသင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
 
.
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်း ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည့် ၂၀၂၀ ပြည့်နှစ် ရှမ်း ပြည်နယ် တောင်ပိုင်း၊ တောင်ကြီး ခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ သတ်မှတ်မြို့နယ်များတွင် ပြည်သူ အခြေပြု ပညာပေး ဦးစားပေးလုပ် ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ် မြောက်ရေးလုပ်ငန်း အကောင်အ ထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် အစိုးရရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် ရှမ်းပြည် နယ် ပြည်သူအခြေပြု ပညာပေးဦး စားပေး လုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေ ခံစာ တတ်မြောက်ရေးလုပ်ငန်း ကြီး ကြပ်မှု ကော်မတီဥက္ကဋ္ဌ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး၊ ကြီးကြပ်မှုကော်မတီ ဒုတိ ယဥက္ကဋ္ဌ (၁) ရှမ်းပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က လုပ်ငန်းဆောင်ရွက်မည့် အခြေအ နေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ အခြေခံ စာတတ် မြောက်ရေးလုပ်ငန်းဖြင့် သင်ကြား ပေးနိုင်ရေးအတွက် ခရိိုင် ၂ ခုအ တွင်း စာရင်းကောက်ယူမှုအရ လူ ဦးရေ ၂၈၁၇ ဦး ရှိနေပြီး စာရင်း ကောက်ယူရန် ကျန်ရှိသည့် မြို့နယ် များနှင့် ကောက်ယူပြီး မြို့နယ်များ တွင် ရရှိထားသည့် လူဦးရေမှာ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်း ခေါင်စာရင်းပါ စာတတ်မြောက်မှုစာ ရင်းနှင့် ကွာခြားချက်များ ရှိနေသည့် အတွက် အခြေခံစာတတ်မြောက် ရေး အစီအစဉ်တွင် အမှန်တကယ် သင်ယူလိုသူဦးရေ ကျန်ရှိနေနိုင် သောကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ ဦး ဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ပညာ ရေးမှူးရုံးများ၊ ဆက်စပ်ဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လူမှုကူ ညီရေးအသင်းများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း ပါဝင်မှုဖြင့် ဒေသခံပြည်သူ များအား ကျယ်ကျယ်ပြန့်ပြန့် အသိ ပညာပေး၍ ထပ်မံစာရင်း ကောက် ယူရန်လိုကြောင်း ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောဆိုခဲ့သည်။
.
ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပ ညာရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဇော်ဝင်းက ရှမ်းပြည် နယ်အတွင်း ပြည်သူအခြေပြု ပညာ ပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံ စာတတ်မြောက်ရေးလုပ် ငန်း ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်(အကျဉ်းချုပ်)အား Power Point ဖြင့်ရှင်းလင်း ဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာ သော ဌာနဆိုင်ရာတာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်း နှင့် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင် ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရ သည်။
.
အဆိုပါ အခြေခံစာတတ်မြောက် ရေး လုပ်ငန်းများ ဆောင်ရွက် အ ကောင်အထည်ဖော်ရန် လျာထား သည့် ဒေသများမှာ တောင်ကြီးခ ရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပအိုဝ်းကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့ နယ်၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင် လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန် ဟိန်းမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်း ကိုင်မြို့နယ်၊ ပင်လုံမြို့၊ ခိုလမ်မြို့၊ မိုင်းနောင်မြို့နှင့် ကာလိမြို့တို့ဖြစ် ပြီးအကောင်အထည်ဖော်မည့် ကာ လမှာ တစ်ရက်လျှင် သင်ကြားချိန် ၃ နာရီဖြင့် ရက် ၄၀၊ စာသင်ချိန် နာရီ ၁၂၀ ဖြစ်ကြောင်း သိရသည်။
.
စာသင်သား သတ်မှတ်ချက် အနေဖြင့် အသက် ၁၅ နှစ်နှင့်အ ထက် မြန်မာစာ မတတ်သူ မည်သူ မဆို လူငယ်များနှင့် သက်ကြီးရွယ် အိုများအား ဧပြီလ ပထမပတ်မှ မေလ ဒုတိယပတ်အထိ သင်ကြား ပေးသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအ နားကို ပင်လုံမြို့တော်ခန်းမ၊ စည် ပင်ခန်းမ (သို့မဟုတ်) ပင်လုံတက္က သိုလ်တွင် ကျင်းပသွားရန် ရှိနေ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)