ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြု စီမံကိန်းအတွက် တန့်ယန်းမြို့နယ်အား ရွေးချယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 25, 2020

ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြု စီမံကိန်းအတွက် တန့်ယန်းမြို့နယ်အား ရွေးချယ်


စုလှိုင်
.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက် သည့် လူထုဗဟိုပြုစီမံကိန်း၏ ရှမ်း ပြည်နယ်အတွင်း မြို့နယ်တစ်မြို့ နယ် ထပ်မံတိုးချဲ့ အကောင်အ ထည်ဖော်နိုင်ရေးအတွက် တန့်ယန်း မြို့နယ်အား ရွေးချယ်ခဲ့သည်ဟု သိ ရသည်။
.

.
အဆိုပါ မြို့နယ်ရွေးချယ်ရေး အတွက် ရှမ်းပြည်နယ်စီမံကိန်း မြို့ နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူ ခြင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ရာ အစည်းအဝေးတွင် တက်ရောက်လာ သူများမှ တန့်ယန်းမြို့နယ်အား ရွေး ချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အစည်းအဝေးတွင် ရှမ်းပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ် အတွင်းရှိ ကျေးရွာများ အားလုံး တွင် လုပ်ငန်းများ အကောင် အ ထည် ဖော်ပါက လိုအပ်သည်များ ဝိုင်းဝန်း ပံ့ပိုးကူညီပြီး စီမံကိန်း အောင်မြင် အောင် ဆောင်ရွက်ပေးကြရန်နှင့် ရွေးချယ်ခြင်း မခံရသည့် မြို့နယ်များ အနေဖြင့် စိတ်ပျက်ရန် မလိုဘဲ စီမံ ကိန်း အောင်မြင်လာသည်နှင့် အမျှ ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေး အေ ဂျင်စီအသီးသီးက ထပ်မံပေးအပ် လာမည့် အကူအညီများနှင့် နိုင်ငံ တော်အစိုးရ ဘတ်ဂျက်ရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း အမှာစကားပြောကြားခဲ့ သည်။
.
လူထုအခြေပြု စီမံကိန်းမြို့နယ် တစ်မြို့နယ် ထပ်ရွေးတာပေါ့။ ကျေး ရွာသူ/ကျေးရွာသားတွေ ကိုယ်တိုင် စီမံကိန်းတွေ ရေးဆွဲပြီး ရွာသူရွား သားတွေကိုယ်တိုင် အကောင်အ ထည်ဖော်တဲ့ စီမံကိန်းပါ။ အရင် ရှမ်း ပြည်နယ်ထဲမှာ ၅ မြို့နယ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ တယ်။ အခု ရှမ်းပြည်နယ်အတွက် တစ်မြို့နယ် ခွဲတမ်းထပ်ရတဲ့ အ တွက် ရွေးချယ်တာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် အ တွင်း၌ လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံ ကိန်းများကို နမ့်ဆန်မြို့နယ်၊ ဆီဆိုင် မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုင်းခတ် မြို့နယ်နှင့် မောက်မယ်မြို့နယ်များ ရှိ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာ ပေါင်း ၇၀၅ ရွာ၌ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံ အဆောက်အဦ အမျိုးအစား စုစု ပေါင်း ၁၂၃၀ ခုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွေးချယ်ခံရသည့် မြို့ နယ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်နယ်အစိုးရ၏ ထောက်ခံချက်ဖြင့် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ ပြန်လည်တင်ပြသွားမည် ဖြစ် ကြောင်း သိရသည်။
.
"လူထုဗဟိုပြု စီမံကိန်း ကျေး ရွာသူ/သားတွေရဲ့ ဆင်းရဲမှု ပပျောက် ရေး ဝင်ငွေတိုးပွားလာဖို့ မြစိမ်းရောင် စီမံကိန်းတွေကို ဆောင်ရွက်ပေးနေ သလို မြစိမ်းရောင် မရသေးတဲ့ မြို့ နယ်တွေမှာလည်း VDP လုပ်ငန်းစဉ် ကိုလည်း အဓိကထားပြီး ဆောင် ရွက်ပေးနေပါတယ်”ဟု ဦးမောင် မောင်ဝင်းက ဆက်လက်ပြောဆိုခဲ့ သည်။
.
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနအနေဖြင့် ကျေး လက်ဒေသ သောက်သုံးရေ ရရှိရေး၊ ကျေးလက် ဒေသများ၏ ကုန်ထုတ် လမ်းများ ဖောက်လုပ်ရေး၊ မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရှိ သော ဒေသများတွင် အသေးစား ဓါတ်အားပေးလုပ်ငန်း ဆောင်ရွက် သည့် NEP စီမံကိန်းများ၊ ကျေးလက် ဒေသ အခြေခံအဆောက်အအုံများ ကောင်းမွန်ရေး၊ ကျေးရွာသူ/သား များ ဝင်ငွေ တိုးတက်ရရှိရေးနှင့် ဆင်း ရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About