တောင်ကြီးမြို့ပေါ်ရှိ ဈေးများတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

တောင်ကြီးမြို့ပေါ်ရှိ ဈေးများတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးပညာပေး


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့မဈေးနှင့် အမှတ် (၅) ဈေးများရှိ သားငါးအရောင်းဆိုင်များတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ပြလုပ်ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ အသိပညာပေး ကွင်းဆင်းစစ်ဆေးမှုကို ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“တခြား ကျန်းမာရေးအသိပညာပေးမှုတွေ ဆက်လုပ်သွားမှာပါ။ ဈေးဆိုင်ဝန်ထမ်းတွေကို စနစ်တကျနဲ့ သီးသန့် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျန်းမာရေးဦးစီးမှူးတွေကိုလည်း မှာထားပြီးပါပြီ” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်လူနာ ၁၀ ဦး တွေ့ရှိခဲ့ရပြီး အားလုံးတွင် ရောဂါမရှိကြောင်း ဓါတ်ခွဲအတည်ပြုပြီးဖြစ်သည်ဟု သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၃၀ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၇၅၆၆၄ ဦး၊ သေဆုံးသူ ၂၁၂၃ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၁၄၅၅၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About