စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိထားသည့် လူငယ်၏ ဓါတ်ခွဲနမူနာများကို ထိုင်းသို့ ပို့ဆောင်စစ်ဆေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 8, 2020

စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိထားသည့် လူငယ်၏ ဓါတ်ခွဲနမူနာများကို ထိုင်းသို့ ပို့ဆောင်စစ်ဆေးမည်


စုလှိုင်
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိလာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိ လူငယ်၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းနှင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သူဇာချစ်တင် ထံက သိရသည်။
.
.
အသက် ၁၉ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားလူနာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စုမှ ကိုရိုနာ ဗိုင်းရပ်စ် သံသယဖြင့် ဖေဖော်ဝါရီလ ၇ ရက်က စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဆက်လက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
“ဒီရောဂါကြောင့် ဟုတ်/မဟုတ် ဆိုတာရယ်၊ တခြားရောဂါတွေ ဖြစ်တာရှိလားဆိုတာ စစ်ဆေးရပါတဘ်။ သွေးစစ် ရမယ်။ ဓါတ်မှန်ရိုက်တဲ့အဖြေကတော့ တီဘီလို့ ယူဆရတယ်။ အတည်မပြုနိုင်သေးဘူး။ ဟုတ်/မဟုတ် ထပ်စစ်မယ်။ တရုတ်က ပြန်လာတာလည်းဖြစ်တော့ သူ့ကို သသယလူနာလို့ သတ်မှတ်လို့ရတဲ့အတွက် သူ့ရဲ့ ဓါတ်ခွဲနမူနာတွေ၊ လည်ချောင်းတို့ဖတ်တွေကို အမျိုးသားဓါတ်ခွဲခန်းကို ပို့မယ်။ အဲဒီကနေမှ ထိုင်းကို ဆက်ပို့မယ်။ အဲဒီအဖြေရမှ ကိုရိုနာ ဟုတ်/မဟုတ် အတည်ဖြစ်မယ်” ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
​.
၎င်း ​စောင့်ကြည့်လူနာမှာ ပြီးခဲ့သည့် လကုန်ခန့်က တရုတ်နိုင်ငံ၊ ​ရွှေလီမြို့သို့ သွား​ရောက်ခဲ့ဖူးသူ ဖြစ်ပြီး မကြာသေးမီ ရက်ပိုင်းက ​ချောင်းအနည်းငယ်ဆိုး၍ ဖျားသဖြင့် ဘန်းယဥ် ​​ဆေးရုံသို့ သွား​ရောက် ပြသခဲ့ရာမှ ​ကိုရိုနာနှင့် ပတ်သက်၍ ​စောင့်ကြည့်နိုင်ရန်အတွက် ​တောင်ကြီးမြို့၊ စဝ်စံထွန်း​ဆေးရုံသို့ ပို့​​​ဆောင်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၈ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၃၄၉၉၁ ဦး၊ သေဆုံးသူ ၇၂၄ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၂၀၈၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats