ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရာတွင် အားနည်းနေသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရာတွင် အားနည်းနေသေး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (ဝူဟန် ဗိုင်းရပ်စ်)ကြောင့် ဖြစ်ပွားသည့် ပြင်း ထန် အဆုတ်ရောင်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြို တင်ပြင်ဆင်ဆောင်ရွက်မှု အားနည်း နေသေးလျက်ရှိကြောင်း သိရသည်။
.
.
“တောင်ကြီးမြို့မှာ ဆိုရင် လူ အရမ်းများတော့ Mask အုပ်သင့်တယ်။ ဌာနဆိုင်ရာတွေကလည်း အသိပညာပေးတာ အားနည်းနေသေးတယ်။ စျေးထဲမှာလည်း လူတွေက တော်တော်များများက Mask မအုပ် ကြဘူး။ အခု ဆိုရင် Mask က တချို့ ဆိုင်မှာဆိုရင် စျေးတွေ တက်နေပြီ။ Mask တွေကိုလည်း ကျန်းမာရေး ဌာနက ဖြန့်ဝေပေးသင့်တယ်။ ” ဟု တောင်ကြီးမြို့ ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိအမြင်မှာလည်း မရှိသလောက် နည်းပါးနေပြီး ဌာနဆိုင်ရာများ အနေဖြင့်လည်း အသိပညာပေးမှုပိုင်းဆိုင်ရာ တွင် အားနည်းချက် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် နှာခေါင်းစည်း Mask တပ်ဆင်ထားသူ လူငယ်တစ်ဦး အား ကမ္ဘောဇတိုင်းမှ တွေ့ဆုံမေးမြန်းရာ တွင် “Mask က စတိုင်လ်အနေနဲ့ အုပ် ထားတာပါ” ဟု ပြန်လည်ဖြေကြား ခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် (Coronavirus) အဆုတ် ရောင်ရောဂါ ဖြစ်ပွားမှု မရှိစေရေး အတွက် စောင့်ကြပ် စစ်ဆေးကုသ ရေးကြီးကြပ်မှု ကော်မတီကို ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်၍ အဖွဲ့ဝင် ၂၈ ဦးဖြင့် ဇန် နဝါရီလ ၃၁ ရက်က စတင်ဖွဲ့စည်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကော်မတီမှ ဖေဖော် ဝါရီလ ၃ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူ များအား ဖိတ်ခေါ်၍ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“အသိပညာ ပေးနေတာတွေက လုပ်တော့ လုပ်နေတယ်ပေါ့၊ ဒါပေမဲ့ မထိရောက်ဘူးလို့ပဲ မြင်ပါတယ်။ မြို့တော် ခန်းမမှာပဲ လုပ်နေတော့ လူထုကလည်း မသိကြတာ များပါ တယ်။ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့ သူတွေလောက်ပဲ ပါ သွားတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူထုကြားထဲမှာ တကယ် ထိထိရောက်ရောက် ပညာ ပေးနိုင်ဖို့ စျေးလို၊ ပန်းခြံလိုမျိုး နေ ရာတွေကနေ အိမ်တိုင်ရာရောက် အဆင့်အထိ အသိပညာ ပေးတာ တွေ၊ Mask ဝေပေးတာ မျိုးတွေ လုပ်စေချင်ပါတယ်” ဟု တောင် ကြီးမြို့နေ ဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဖေဖော်ဝါ ရီလ ၇ ရက်၊ နံနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၁၄၈၁ ဦး၊ သေဆုံးသူ ၆၃၉ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက် ခံရသူ အများဆုံးဖြစ်နေသည့် တ ရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မြန် မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ် ပြီး ယင်းနိုင်ငံ ၂ ခုတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ် လုပ်ကိုင်နေ သည့် ရွှေ့ပြောင်း လုပ်သား အများ အပြား ရှိနေကြောင်း သိရသည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇန်နဝါရီလ ၃၁ ရက်တွင် ကိုရို နာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု အခြေအ နေနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ဒေသဆိုင် ရာ အချက်အလက်များအရ တောင် ကြီးမြို့နယ်ရှိ လူဦးရေ စုစုပေါင်းမှာ ၃၈၀၀၀၀ ကျော် ရှိပြီး ၂၂၀၀၀၀ ကျော်မှာ မြို့ပြဒေသတွင် နေထိုင် သူများ ဖြစ်ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About