စဝ်စံထွန်းဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

စဝ်စံထွန်းဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ရောက်ရှိ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ် သံသယ ရှိသူ ကိုရီးယားနိုင်ငံသားတစ်ဦး ရောက်ရှိလာပြီး ကြပ်မတ်စစ်ဆေး စောင့်ကြည့်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
.
“နှာစေး၊ ချောင်းဆိုး၊ အဖျားနဲ့ ရောက်လာတာပါ။ တရုတ်ကိုတော့ မရောက်ဖူးဘူး။ တရုတ်ဧည့်သည်တွေနဲ့ ထိတွေ့ဖူးတာတော့ ရှိတယ်။ လောလောဆယ်တော့ စိတ်ချရအောင် စဝ်စံထွန်းဆေးရုံ၊ သီးသန့်လူနာဆောင်မှာ ထားပြီး စောင့်ကြည့်နေပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
အဆိုပါ ကိုရီးယားနိုင်ငံသားအား ညောင်ရွှေဆေးရုံမှ လွှဲပြောင်းပေးလာခြင်းဖြစ်ပြီး ၎င်းသည် မြဝတီ၊ ရန်ကုန်၊ ပုဂံ၊ မန္တလေးမှတဆင့် ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၇ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၁၄၅၅၆ ဦးနှင့် သေဆုံးသူ တရုတ်နိုင်ငံတွင် ၃၀၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း ၃၀၅ ဦး ရှိကာ ပြန်လည်သက်သာလာသူ ၃၄၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
“သံသယရှိလို့သာ ဆေးရုံမှာ စောင့်ကြည့်နေတာပါ။ လူထုအနေနဲ့ သိပ်မစိုးရိမ်ကြဖို့ ပြောလိုပါတယ်” ဟုလည်း ဒေါက်တာမျိုးထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ  ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထားရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About