တောင်ကြီးချင်းတွင်းကောလိပ်တွင် ကျောင်းသားသစ်များအား ကျောင်းအပ်လက်ခံနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

တောင်ကြီးချင်းတွင်းကောလိပ်တွင် ကျောင်းသားသစ်များအား ကျောင်းအပ်လက်ခံနေ


ခန့်လင်း
.
တောင်ကြီးမြို့ရှိ ချင်းတွင်းကော လိပ်မှ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ပေးလျက်ရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်အထိ လက် ခံပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
.
 
.
ချင်းတွင်းကောလိပ် သင်တန်း ကျောင်းများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး ယနေ့အထိ တောင်ကြီး ချင်းတွင်းကောလိပ်မှ ဘွဲ့ရရှိသူ ၁၃ ဦး ထွက်ပေါ်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
.
“ဆယ်တန်းကျလို့ဖြစ်စေ၊ ဖြေဖူး သူဖြစ်စေ ကျွန်မတို့ကျောင်းမှာ တက် နိုင်အောင် စီစဉ်ထားပါတယ်။ တောင် ကြီး ချင်းတွင်းကောလိပ်ကနေ ဘွဲ့ရ ရှိပြီးသူ ၁၃ ဦး ရှိသွားပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာဆိုရင် ရာကျော်ရှိသွားပြီ။ အဲဒီထဲက အင်္ဂလန်မှာ ကျောင်းဆက် တက်နေတဲ့သူ၊ အလုပ်လုပ်နေတဲ့သူ တွေ အများကြီးရှိတယ်။ စင်္ကာပူနဲ့ ဂျပန်မှာလည်း ရှိပါတယ်” ဟု တောင် ကြီးချင်းတွင်းကောလိပ်မှ မန်နေဂျာ မပန်းပွင့်ဝေဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ချင်းတွင်းကောလိပ်တွင် တက် ရောက်ပြီး ဗြိတိန်နိုင်ငံ၏ အဆင့် ၂၁ ရှိသော University of Ports- mouth မှ ပေးအပ်သည့် Bachelor of Engineering ဘွဲ့ နှင့် BA (Business Management) ဘွဲ့များ ကို ရယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။
.
BTEC HND programme သည် Vocational Training (အ သက်မွေးဝမ်းကြောင်း) ပညာရပ်ကို သင်ကြားပေးသော programme ဖြစ်သည့်အတွက် လက်တွေ့အ မှန်တကယ် တတ်မြောက်စေရန် ကျောင်းသားများအနေဖြင့် စာသင် ကာလ တစ်လျှောက်လုံး၌ Indivi-dual Project များ၊ Group Project များ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာဘာ သာရပ်အလိုက် လက်တွေ့လုပ်ငန်း ခွင်များသို့ သွားရောက်လေ့လာခြင်း နှင့် ချိတ်ဆက်ထားသော ကုမ္ပဏီ များတွင် အလုပ်သင်ဆင်းရခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
.
“ချင်းတွင်းကောလိပ်က စာတွေ ပဲ သင်တာ မဟုတ်ဘဲ ပြင်ပဗဟုသု တတွေ ရအောင်လည်း လုပ်ပေး တယ်။ ကျွန်မတို့ ကျောင်းကနေ ဘွဲ့ရပြီးထားတဲ့ ကျောင်းသား/သူ တွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အ ဆင်သင့် ဖြစ်ကြပါတယ်။၂၀၁၉ ခု နှစ်ကလည်း စင်္ကာပူနိုင်ငံမှာ Project နဲ့ ပတ်သက်ပြီး သွားယှဉ်ပြိုင်တဲ့ အ ခါမှာ အနိုင်ရပြီး Project အောင် ထားတဲ့ ကျောင်းသား/သူတွေလည်း ရှိပါတယ်”ဟု မပန်းပွင့်ဝေဦးက ဆက်လက် ပြောဆိုခဲ့သည်။
.
ချင်းတွင်းကောလိပ် အနေဖြင့်  ပြည်တွင်း/ပြည်ပ နိုင်ငံတကာနည်း ပညာပြပွဲနှင့် ပြိုင်ပွဲများတွင် ယှဉ် ပြိုင်နိုင်အောင် ကျောင်းသား/သူများ အား အဘက်ဘက်မှ ကူညီပံ့ပိုးပေး လျက်လည်းရှိကြောင်း သိရသည်။
.
ချင်းတွင်း ကောလိပ်တွင်  တက်ရောက် သင်ကြားနိုင်သော ဘာသာရပ်များမှာ Engineering Civil ၊ Electrical & Electronic နှင့် Mechanical Engineering ဘာသာရပ်၊ Business Manage-ment နှင့် Hospitality Manage-ment ဘာသာရပ်များဖြစ်ကြောင်း သိရသည်။
.
ချင်းတွင်းကောလိပ်ကို ၂၀၀၇ ခုနှစ်က မန္တလေးမြို့တွင် ပထမဦးဆုံး အကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တောင် ကြီး မြို့တွင် ၂၀၁၆ ခုနှစ်ကစတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တောင်ကြီးမြို့ရှိ ချင်း တွင်း ကောလိပ်တွင် ဖေဖော်ဝါရီလ ၁ ရက်က သာလွန်ပညာရေးမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ခေါင်းစည်ဖြင့် အခမဲ့ပညာရေး ဟော ပြောပွဲကို ပြုလုပ်ခဲ့သည်ဟု သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About