အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပေးသွားမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်း ကလေးငယ်များကို ပထမဆုံး အ ကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.

.
အသက် ၉ နှစ်ကို စထိုးမယ်။ နောက်တစ်နှစ်ကျရင် ၁၀ နှစ်ဖြစ် သွားမယ်။ အဲဒီအခါကျရင် ဒုတိယ အကြိမ် ပြန်ထိုးမယ်။ အခုမှ အသစ် စထိုးတာ ဖြစ်ပါတယ်” ဟု ရှမ်းပြည် နယ် အထူးရောဂါနှိမ်နင်းရေးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ ကာကွယ်ဆေး ထိုးနှံ ထားခြင်းမရှိသည့် အမျိုးသမီးများ နှင့် အသက်အရွယ် ကြီးရင့်မှ ကာ ကွယ်ဆေး ထိုးနှံသည့် အမျိုးသမီး များအနေဖြင့် သားအိမ်ခေါင်းကင် ဆာရောဂါ ရှိ/မရှိ စစ်ဆေးသင့် ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနအနေဖြင့် လက်ရှိ ပုံမှန်ကာ ကွယ်ဆေးထိုး အစီအစဉ်တွင် ရော ဂါကာကွယ်ဆေး ၁၂ မျိုး ထိုးနှံတိုက် ကျွေးခြင်းအပြင် သားအိမ်ခေါင်း ကင် ဆာရောဂါကာ ကွယ်ဆေးကိုလည်း ၁၃ ခုမြောက်အဖြစ် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
သားအိမ်ခေါင်း ကင်ဆာသည် Human Papilloma Virus (HPV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ် ပြီး ၎င်းဗိုင်းရပ်စ်သည် လိင်ဆက်ဆံ ခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကာ ရောဂါလက္ခဏာများ အနေဖြင့် အ မျိုးသားနှင့် အတူနေစဉ် သွေးထွက် ခြင်း၊ နာကျင်ခြင်း၊ အနံ့ဆိုးသော အ ရည်ကျဲများ ထွက်ခြင်း၊ တင်ပဆုံတစ် ဝိုက် နာကျင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံရှိ အမျိုးသမီးများ တွင် အဖြစ်အများဆုံး ကင်ဆာရော ဂါများသည် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာတို့ ဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန််ချက်အရ သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About