တောင်ကြီးတွင် အိမ်ရာအရောင်းပြပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

တောင်ကြီးတွင် အိမ်ရာအရောင်းပြပွဲ ကျင်းပမည်


ကမ္ဘောဇတိုင်း
.
ရန်ကုန်မြို့ရှိ လူကြိုက်အများဆုံး အိမ်ရာများနှင့် တောင်ကြီးမြို့တွင် တည်ဆောက်ထားသည့် အိမ်ရာများ ပါဝင် ပြသမည့် အိမ်ရာအရောင်းပွဲတော် (Shwe Property Expo in Taunggyi) ကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီး မြို့ရှိ City Square Shopping Center တွင် လာည့် ဖေဖော်ဝါရီလ ၁၅ ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
Shwe Property Exop in Taunggyi အိမ်အရောင်ပွဲတော်တွင် ကျပ်သိန်း ၂၀၀ မှ စတင်၍ တန်ဖိုးသင့် တိုက်ခန်းများ ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ အထူးဈေးနှုန်း ၁ စတုရန်းပေလျှင် ကျပ်တစ်သိန်းမှ စတင်သည့် တန်ဖိုးသင့် ကွန်ဒိုများကို ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ ကျပ်သိန်း ၆၀၀ ကျော်ဝန်းကျင်မှ စတင်၍ မီနီကွန်ဒိုများ ရွေးချယ်ဝယ်ယူခွင့်၊ တောင်ကြီးမြို့တွင် ဆောက်လုပ်ထားသည့် အိမ်ရာများကို ပုံမှန်ထက် သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ခွင့်၊ ဘဏ်များနှင့်ချိတ်ဆက်၍ ၃ နှစ်မှ ၂၅ နှစ်အထိ နှစ်ရှည် အရစ်ကျဝယ်ယူခွင့်များနှင့်အတူ အထူးလျှော့ဈေး၊ ညှိနှိုင်း ငွေချေစနစ်များဖြင့် ဝယ်ယူနိုင်ခွင့်၊ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခွင့်များကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နေ ပြည်သူများအနေဖြင့် ရန်ကုန်တွင် အခြေချနေထိုင်ရန် ရည်မှန်းထားပါက Shwe Property အိမ်ရာအရောင်းပွဲတော်မှတဆင့် လိုအပ်သည့် အိမ်ရာများကို အမှန်ကန်ဆုံး၊ အမြန်ဆန်ဆုံး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
.
စီးပွားရေးကိစ္စအတွက်ဖြစ်စေ၊ သား/သမီးများ၏ ပညာရေးကိစ္စအတွက်ဖြစ်စေ ရန်ကုန်မြို့တွင် အိမ်ခန်းတစ်ခု ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံရန် အထူးသင့်လျော်သည့် ရန်ကုန်မြို့ရှိ တိုက်ခန်ုက်၊ မီနီကွန်ဒိုနှင့် တန်ဖိုးသင့် ကွန်ဒိုများကို အထူးရွေးချယ် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်ဟု သိရသည်။
.
ထို့အပြင် အိမ်ရာ/တိုက်ခန်း ဝယ်ယူသူများအနေဖြင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ပြီး ၃ နှစ် မှ ၂၅ နှစ်အထိ နှစ်ရှည် အရစ်ကျဝယ်ယူနိုင်မည့် အိမ်ရာချေးငွေအစီအစဉ်များကိုလည်း စီစဉ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
.
၂၀၁၁ ခုနှစ်က စတင်တည်ထောifခဲ့သည့် Shwe Property သည် Ditital Marketing ကို အသုံးပြု၍ အွန်လိုင်း အိမ်ခြံမြေမီဒီယာဝက်ဘက်ဆိုဒ်တစ်ခုအနေဖြင့် ရပ်တည်နေပြီး ရောင်းသူနှင့် ဝယ်သူအကြား အကောင်းဆုံး အိမ်ခြံမြေ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည့်အပြင် လက်ရှိတွင်လည်း ဘဏ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ အိမ်ခြံမြေပြပွဲများကို စီစဉ်ပေးလျက်ရှိသလို အိမ်ခြံမြေနှင့် ပတ်သက်သည့် သတင်းဗီဒီယိုများ၊ အိမ် ခြံမြေလုပ်ငန်းရှင်များအကြောင်း ဗွီဒီယိုအစီအစဉ်များနှင့်အတူ Shwe Property Journal ကို ထုတ်ဝေလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats