မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ပြန်လည်မှတ်ပုံတင်ရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 24, 2020

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ပြန်လည်မှတ်ပုံတင်ရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာ


စိုင်းသိင်္ခသူ
.
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ အား စနစ်တကျ ပြန်လည်မှတ်ပုံ တင်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖေ ဖော်ဝါရီလ ၂၂ ရက်တွင် အသိပေး ကြေညာချက်တစ်စောင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.
.
ယင်း ထုတ်ပြန်ချက်တွင် မို ဘိုင်းလ်ဖုန်းကို အသုံးပြု၍ငွေပေးငွေ ယူကိစ္စ ဆောင်ရွက်မှုများ ပိုမိုတိုး တက်လာသည်နှင့်အမျှ အဆိုပါကိစ္စ ရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင် ရွက်နိုင် ရန်နှင့် စနစ်တကျ မှတ်ပုံ တင်ထားခြင်းမရှိသော ဆင်းမ်ကတ် များဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ကျူးလွန်သော ရာဇဝတ် မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းလ် ဖုန်းသုံးစွဲသူများက မိမိတို့၏ဆောင် ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန် ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် စပ် လျဉ်းသည့် လုပ်ငန်း ဆိုင်ရာ ကျင့် စဉ်ကို ထုတ်ပြန်၍ စနစ်တကျမှတ်ပုံ တင်နိုင်ရေး မိုဘိုင်းအော်ပရေတာ များသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ သော်လည်း မိုဘိုင်းလ်အော်ပရေတာ များနှင့် အရောင်းဆိုင်များ၏ အား နည်းမှုကြောင့် စနစ်တကျ မှတ်ပုံတင် မထားသော ဆင်းကတ်များစွာ ရှိ နေကြာင်း ဖော်ပြပါရှိသည်။
.
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ မှတ်ပုံမတင်ထားသော ဆင်းမ်ကတ် များအား စနစ်တကျ မှတ်ပုံတင်နိုင် ရေးအတွက် သတင်းမီဒီယာ များမှ တစ်ဆင့် အသိပေး ကြေညာခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိ မှတ်ပုံမတင်ထားသော ဆင်းမ် ကတ် ၆ ဒသမ ၅ သန်းခန့်ကိုအပြီး ပိတ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း ထိုစဉ်က ဆင်းမ်ကတ်မှတ်ပုံတင် ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ် ရေးကတ်ပြား သို့မဟုတ် အသိအမှတ် ပြု ကတ်ပြားတစ်ခု အတွက် ဆင်းမ် ကတ်အရေအတွက် မည်မျှမှတ်ပုံ တင်နိုင်မည်ကို ကန့်သတ်ထားခြင်း မရှိခဲ့သောကြောင့် အရောင်းဆိုင် များက နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်ခုဖြင့် ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်ပြီး အခြားသူများကို ရောင်းချခဲ့ခြင်းနှင့် အချို့က နိုင်ငံ သား စိစစ်ရေးကတ်တစ်ခုဖြင့် ဆင်းမ်ကတ်များ ဝယ်ယူမှတ်ပုံတင် ပြီး ပြင်ပတွင် ပြန်လည်ရောင်းချခြင်း တို့ကြောင့် ဆင်းမ်ကတ် သုံးစွဲသူများ ၏ အချက်အလက်အမှန်ဖြင့် မှတ် ပုံတင်နိုင်ခဲ့ခြင်း မရှိကြောင်း သိရ သည်။
.
သိုဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလမှ စတင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အသိအမှတ်ပြု ကတ်ပြား တစ်ခုလျှင် ဆင်းမ်ကတ် ၂ ခုသာ မှတ် ပုံတင်ရောင်းချနိုင်ရေး ညွှန်ကြားခဲ့ သော်လည်း၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီလ ၃၁ ရက်အထိ နိုင်ငံသားစိစစ် ရေးကတ်သို့မဟုတ် အသိအမှတ်ပြု ကတ်ပြားတစ်ခုလျှင် ဆင်းမ်ကတ် ၂ ကတ်ထက် ပိုမိုမှတ်ပုံတင်ထားသော ဆင်းမ်ကတ် အရေအတွက်မှာ MPT တွင် ၁၂ ဒသမ ၉၅ သန်းခန့်၊ MyTel တွင် ၄ ဒသမ ၆ သန်းခန့်၊ Ooredoo တွင် ၄ ဒသမ ၆ သန်းခန့်နှင့် Telenor တွင် ၆ ဒသမ ဝ၅ သန်းခန့် စုစု ပေါင်း၂၈ ဒသမ ၂ သန်းခန့် ကျန်ရှိ နေကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
.
သုံးစွဲသူများအနေဖြင့် သက် ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ် ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိ သုံးစွဲနေသော SIM Card သည် မိမိ ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော ဆင်းမ်ကတ် ဟုတ်/မဟုတ် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာ များ၏ အွန်လိုင်းဝန်ဆောင်မှုဖြင့် လည်းကောင်း၊ အရောင်းဆိုင်များ တွင်လည်းကောင်း သတ်မှတ်နည်း လမ်းများဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရ သည်။
.
ထို့အပြင် မိုဘိုင်းလ်ဆင်းမ်ကတ် သုံးစွဲသူများ အဆင်ပြေစွာ ပြန်လည် မှတ်ပုံတင်နိုင်ရေးအတွက် သက် ဆိုင်ရာ မိုဘိုင်းလ်အော်ပရေတာများ က ဆောင်ရွက်ပေးရန်နှင့် အသိအ မှတ်ပြုကတ်တစ်ခုဖြင့် ၂ ကတ်ထက် ပိုမို မှတ်ပုံတင်ထားသော ဆင်းမ် ကတ်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လ ၃၀ ရက်၊ နောက်ပိုင်းမှ စတင်၍ မှတ်ပုံ တင်ရေးကိစ္စများကို ဆောင် ရွက်နိုင်ရန် Call Center သို့ခေါ်ဆို ခြင်းမှအပ အထွက်ခေါ်ဆိုမှုကို ပိတ်ထားမည်ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် မှတ်ပုံတင်ခြင်း မရှိပါက အ ပြီး ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ သုံးစွဲသူများအနေဖြင့် မိမိတို့ အမှန်တကယ် သုံးစွဲနေသည့် မိုဘိုင်းလ်ဆင်းမ်ကတ်များ ပိတ်သိမ်း ခံရမှု မရှိစေရေးအတွက် မှန်ကန်စွာ မှန်ပုံတင်ကြရန်နှင့် စျေးကွက်အ တွင်း ရောင်းချနေသော ကြိုတင်မှတ် ပုံတင်ထားသည့် ဆင်းမ်ကတ်များ ကို ဝယ်ယူခြင်းမပြုရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။
.
ယင်းကဲ့သို့ ဆင်းမ်ကတ် မှတ်ပုံ တင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ကို လိုက်နာမှုမရှိသည့်အတွက် ပြည် တွင်းရှိ ဆက်သွယ်ရေးအော်ပရေ တာ ၄ ခုအား ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လကုန်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းစီ ဒဏ်တပ်အရေးယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About