ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊
ထွန်းလင်းအောင် (၄) လမ်းတွင် ယနေ့ ဖေဖော်ဝါရီ လ ၁၃ ရက်က အမျိုးသား တစ်ဦး သေနတ်ဖြင့်
ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ ဆန်ဆိုင်း (ခ) ရပ်ကွက်နေ အားယုံ (၄၂ နှစ်) ဆိုသူဖြစ်ပြီး
၎င်း၏မော်တော်ယာဉ်ပေါ်သို့ တက်ရန် အသွား တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော
မော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် မော်တော်ယာဉ်မှာ SLON အမျိုးအစား
အနက်ရောင်ယာဉ်ဖြစ်ပြီး ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အားယုံတွင် ယာဘက်လက်မောင်း
ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်း အောက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့ကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ဆေးကုသစေခဲ့ရာ ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အားယုံသေဆုံးမှုနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သွားသူအား ဖမ်းဆီးရမိရေးအတွက်
တာချီလိတ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များမှ မြို့ဝင်မြို့ထွက်ဂိတ်များကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊
CCTV လုံခြုံရေးကင်မရာမှတ်တမ်းများ ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် ထိုင်းနိုင်ငံသို့
သွားရောက်သည့် တာချီလိတ် အမှတ် (၁) နှင့် (၂) ချစ်ကြည်ရေးတံတား များအား စောင့်ကြပ်စစ်ဆေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment