တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းမိ



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက်၊  ညနေ ၄ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်မောင်းနှင် လာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း (၂၀ နှစ်) အား စစ်ဆေးရှာဖွေ ရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀ဝ ဂရမ်ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၉၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် ဝမ်တုံကျေးရွာရှိ စိုင်းရှဲန်ဝန်း၏ နေအိမ်အား သွားရောက်စစ်ဆေးရှာဖွေရာ ၎င်း၏ နေအိမ်အိပ်ခန်းအတွင်းမှ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀ဝ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းရှဲန်ဝန်း (၂၀ နှစ်) အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats