တာချီလိတ်တွင် တရားမဝင်လောင်းကစားမှု ပပျောက်ရေးအတွက် ဆောင်ရွက်ထားကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ပြော - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 27, 2020

တာချီလိတ်တွင် တရားမဝင်လောင်းကစားမှု ပပျောက်ရေးအတွက် ဆောင်ရွက်ထားကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ပြော


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်မြို့နယ်အတွင်း တရားမဝင် လောင်းကစားမှုများ ကင်းရှင်း ပပျောက်ရေး အတွက် စီမံချက်ဖြင့် ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲ မှူးကြီး တင်ဇော်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
 
.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တောင်ကြီးမြို့သို့ လာရောက်စဉ်က တာချီလိတ်မြို့ရှိ လောင်းကစား လုပ်ငန်းများ နှင့်ပတ်သက်၍ သိရှိ ထားကြောင်း ပြောကြားခဲ့ပြီးနောက် တာချီလိတ်တွင် လောင်းကစားလုပ် ငန်းများအား ဖမ်းဆီးခြင်း၊ ပိတ်သိမ်း ခြင်းများကို ကျားမင်း စီမံချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အပူတပြင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။
.
“တာချီလိတ်မှာ လောင်းကစား လုပ်ငန်း ပပျောက်စေရေးအတွက် စီမံချက် ချပြီး လုပ်နေပါတယ်။ ကျွန် တော်ကိုယ်တိုင် အနီးကပ်ကြီးကြပ် ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင် ဇော်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တာချီလိတ်တွင် ယင်းကဲ့သို့ စီမံချက်ဖြင့် လောင်းကစားပပျောက် ရေးလုပ်ငန်းများ ဆောင် ရွက်နေခြင်း ကြောင့် လတ်တလောတွင် လောင်း ကစားနှင့် ဆက်နွယ်သော လုပ်ငန်း များ ရပ်နားထားသော်လည်း ရဲတပ် ဖွဲ့နှင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ နောင်တစ်ချိန်တွင် တရားမဝင် လောင်းကစား လုပ်ငန်းများ ပြန် လည် ပေါ်ပေါက်လာနိုင်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုလျက်ရှိ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က “လောင်း ကစားနဲ့ ပတ်သက်တဲ့ နည်းဥပဒေ မထွက်သေးပေမယ့် အများပြည်သူ တွေရဲ့ တရားဥပဒေ စိုးမိုးမှုအောက် မှာ စိတ်အေးနားအေးနေ ထိုင်နိုင် စေဖို့အတွက် လောင်းကစားကို ခွင့် ပြုပေးမှာ မဟုတ်ပါဘူး။ ဒီလောင်း ကစားလုပ်ငန်းလုပ်နေတာကို သိတဲ့ ပတ်ဝန်းကျင်ပြည်သူတွေအနေနဲ့ အချိန်မရွေးသတင်းပေး ဆက် သွယ် စေချင်ပါတယ်။ ပါဝင်ပတ် သက်တဲ့ ဌာနကိုပါ အရေးယူတာ လုပ်ဆောင်ပါမယ် ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
တာချီလိတ်မြို့သည် ထိုင်း၊ တ ရုတ်၊ လာအိုနိုင်ငံများနှင့် နယ်နိမိတ် ချင်း ထိစပ်နေပြီး ယင်းနိုင်ငံသားများ ဝင် ထွက်ကူးလူးဆက်ဆံမှုများ ရှိ နေကာ ဟိုတယ်၊ မိုတယ်များနှင့် ရပ် ကွက်အတွင်းရှိ နေအိမ်အချို့တွင် အွန်လိုင်း လောင်းကစား၊ ငါးမန်း ဂိမ်းခုံနှင့် ငွေကြေးအလျော်အစား ပြုလုပ်သည့် လောင်းကစားလုပ်ငန်း များကြောင့် တရားဥပဒေစိုးမိုးမှု အား နည်းနေပြီး နာမည်ဆိုးဖြင့်ကျော် ကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)