ကြက်ဥခိုးစားသည်ဟု စွပ်စွဲပြောဆိုရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

ကြက်ဥခိုးစားသည်ဟု စွပ်စွဲပြောဆိုရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း (၄) ရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းက ကြက်ဥခိုးစားသည်ဟု စွပ်စွဲပြောဆိုရာမှ ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ရန်ရှင်း (၄) ကျေးရွာတွင် နေထိုင်သူများဖြစ်သော လီရှီး (၄၀ နှစ်) နှင့် မောရှေ (၃၁ နှစ်) တို့ ၂ ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းက လူမနေသည့် နေအိမ်တစ်လုံးရှိ မီးဖိုချောင်ရှေ့ ကွပ်ပြစ်ပေါ်တွင် အတူ ထမင်းစားနေစဉ် လီရှီးမှ မောရှေအား ကြက်ဥခိုးစားသည်ဟု စွပ်စွဲပြောဆိုရာ မောရှေမှ တောင်ယာခုတ်ရန်အတွက် ယူဆောင်လာသည့် အရိုးအသွား ၂ ပေခွဲခန့်ရှိ ဓါးဖြင့် လီရှီးအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် လီရှီးတွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက် ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ လီရှီးအား ဓါးဖြင့်ခုတ်ခဲ့သူ မောရှေ ကို အမှုဖွင့် ၁၁၁၁အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About