တာချီလိတ်တွင် ဗုံးသီးဟောင်း ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 29, 2020

တာချီလိတ်တွင် ဗုံးသီးဟောင်း ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဝမ်းအေလမ်းရှိ သံတိုသံစ၊ ဒန်၊ ကြေးသတ္တုပစ္စည်း အဟောင်း ရောင်းဝယ်ရေးဆိုင်တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ဗုံးသီးဟောင်း ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - တာချီလိတ်မြို့မရဲစခန်း

.
အဆိုပါ ပစ္စည်းအဟောင်း အရောင်းဆိုင်မှ ဒေါ်မိုးအောင် (ခ) ထွေးညို (၄၃ နှစ်) သည် ပစ္စည်းအဟောင်းများ အနက် ဗုံးသီးဟောင်း၏ ထိပ်ပိုင်းရှိ သတ္တုကို ရယူရန်အတွက် တူဖြင့်ထုစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးသီးမှာ ကိုးကန့်ထုတ် M6-60 အမျိုးအစား ဗုံးသီးဖြစ်ကြောင်း သိရသည်။
.
ယင်းပေါက်ကွဲမှုကြောင့် ဒေါ်မိုးအောင် (ခ) ထွေးညိုတွင် ယာပါးပြင် ပေါက်ပြဲ၊ ဆီးခုံအထက် ပေါက်ပြဲ၊ ဝဲဘက်ပေါင်ရင်း ပေါက်ဝင်၊ ဝဲဒူးခေါင်းအထက် ပေါက်ဝင်ဒဏ်ရာများ၊ ယာခြေသလုံး ကျိုးဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတွင် ဗုံးသီးပို့ ကျည်ဒလက် တစ်ခုအား ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About