တာချီလိတ်တွင် ဘက်ဟိုးယာဉ် တိမ်းမှောက်၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 14, 2020

တာချီလိတ်တွင် ဘက်ဟိုးယာဉ် တိမ်းမှောက်၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ဘက်ဟိုး ယာဉ် တိမ်းမှောက်သဖြင့် မောင်းနှင်သူ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသား Mr. Li Fuguo (၄၆ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် LOTA အမှတ်တံဆိပ်ပါ အဝါရောင် ဘက်ဟိုးယာဉ်အား မောင်းနှင်စဉ် လမ်း၏ လက်ယာဘက်သို့ မြေကျွံကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဘက်ဟိုးယာဉ် တိမ်းမှောက်မှုကြောင့် တရုတ်နိုင်ငံသားတွင် ဝဲဘက်နားထင်၊ ပါး၊ ရင်ဘတ်တို့၌ ဖူးယောင် ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘက်ဟိုးယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဘက်ဟိုးယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်ကို ဒဏ်ရာရ သေဆုံးစေသူ တရုတ်နိုင်ငံသား Mr. Li Fuguo အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About