ညောင်ရွှေတွင် တောင်ရိုးတိုင်းရင်းသားများ၏ ၁၁ ကြိမ်မြောက် အမျိုးသားနေ့ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 26, 2020

ညောင်ရွှေတွင် တောင်ရိုးတိုင်းရင်းသားများ၏ ၁၁ ကြိမ်မြောက် အမျိုးသားနေ့ ကျင်းပ


မောင်မောင်သန်း (တောင်ကြီး)
.
တောင်ရိုးတိုင်းရင်းသားများ၏ ၁၁ ကြိမ်မြောက် အမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျားတွန်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
.
ထို့နောက် နိုင်ငံတော်အလံနှင့် တောင်ရိုးတိုင်းရင်းသားအလံများကို အလေးပြုခဲ့ပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှု အကအဖွဲ့မှ ရိုးရာအကများဖြစ်သော ဘော်နင်း (ရိုးရာ)မောင်းဆိုင်းယဉ်ကျေးမှုအကနှင့် နန်းမှန်မြင်းက ယဉ်ကျေးမှု အဖွဲ့မှ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကား ပြောကြား ရာတွင်  မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စာပေအနုသုခမ အပါအဝင် မိမိတို့ လူမျိုး၏ ရိုးရာ ဓလေ့ထုံးတမ်းနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာ ရောက်သည့် ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့နှင့် တောင်ရိုးတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်ကို ကျင်းပနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းသာယာ ဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှု၊ တိုင်းရင်းသား ညီအစ်ကိုများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ရရှိခံစားနိုင်ရန် ဆောင်ရွက်ရာတွင် ယနေ့တက်ရောက် လာကြသည့် တောင်ရိုးတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ရှမ်းပြည်နယ်သူ၊ ရှမ်းပြည်နယ်သားများ အားလုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း ပြောဆိုခဲ့သည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်(၆)သိန်းကိုပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုဗဟို အသင်းအဖွဲ့မှ ဥက္ကဌဦးသောင်းရွှေကလက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.

ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အမှာစကားပြောကြားပြီး၊ ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးနေ့ပွဲတော်အခမ်းအနားသို့ တိုင်းရင်းသားများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာဇော်အေးမောင်တို့၏ ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့သို့ ပေးပို့လာသောသဝဏ်လွှာ များအား ဖတ်ကြားက တောင်ရိုးစာပေယဉ်ကျေးမှုဗဟိုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေမှ အမှာစကားပြောကြားခဲ့သည်။
.
ထို့နောက် ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ဆန်းက ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး အလှူရှင်များမှအလှူငွေများပေးအပ်လှူဒါန်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ရိုးစာပေယဉ်ကျေးမှုမှ ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About