ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ မိသားစုဝင်များအား ကာကွယ်ရေးဦးစီးချုပ် သွားရောက် တွေ့ဆုံ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, February 15, 2020

ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ မိသားစုဝင်များအား ကာကွယ်ရေးဦးစီးချုပ် သွားရောက် တွေ့ဆုံ


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ အမှတ်(၃) ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင် နေထိုင်သည့် တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် စမစ်ဒွန်း၏ နေအိမ်သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၄ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ် စမစ်ဒွန်း၏ သမီးဖြစ်သူ ဒေါ်ခင်စောမူ (ခေါ်) ဒေါ်အဲဗလင်းဒွန်းနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ ဗိုလ်ချုပ် စမစ်ဒွန်းနှင့် ဇနီးတို့၏ အုတ်ဂူသို့ သွားရောက်၍ လွမ်းသူ့ပန်းစည်းချ ဂါရဝပြုခဲ့ကြောင်းလည်း သိရသည်။
.
ဗိုလ်ချုပ် စမစ်ဒွန်းသည် တပ်မတော်တွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ  ၃၁ ရက်ထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သည့် သတိုးမဟာ သရေစည်သူဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။


No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)