တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ရှမ်းအသင်း တတိယနေရာ ရရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ရှမ်းအသင်း တတိယနေရာ ရရှိထား


စုလှိုင်
.
နေပြည်တော်နှင့် မန္တလေးမြို့ တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အား ကစား ပြိုင်ပွဲများတွင် ရှမ်းပြည်နယ် ကိုယ်စားပြု အားကစားအသင်းများ မှ တတိယနေရာ ရရှိထားပြီး ဆက် လက်ယှဉ်ပြိုင်ရန် အားကစားနည်း ၃ မျိုး ကျန်ရှိနေကြောင်း သိရသည်။
.
 
.
အဆိုပါ အားကစားပြိုင်ပွဲများ တွင် ရှမ်းပြည်နယ်ကိုယ်စားပြု အား ကစားအသင်းများက ရွှေတံဆိပ် ၄၁ ခု၊ ငွေ တံဆိပ် ၄၂ ခုနှင့် ကြေးတံဆိပ် ၅၆ ခု ရရှိထားပြီး အဆင့် ၃ တွင် ရပ် တည်နေခြင်းဖြစ်သည်။
.
“ပြီးခဲ့တဲ့နှစ်က ရွှေ ၂၈ ဆုပဲရခဲ့ တယ်။ ဒီနှစ်တော့ ၄၁ ဆု အထိ ရ ထားပြီးပြီ။ ပြည်နယ်၊ မြို့နယ်မှာရှိ တဲ့ ဌာန တာဝန်ရှိတဲ့သူတွေ၊ ကုမ္ပဏီ တွေ၊ အားကစားသမားတွေ ပိုစိတ် ဝင်စားလာပြီး ပိုကြိုးစားလို့ ရတယ် လို့ မြင်ပါတယ်”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦး စီးမှူး ဦးကျော်ကျော်သိန်းက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအား ကစားအသင်းများ အနေဖြင့် ကစား နည်း ၂၃ မျိုးတွင် ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ် အားကစားတွင် ရွှေတံ ဆိပ် ၁၁ ဆု၊ ငွေတံဆိပ် ၆ ဆုနှင့် ကြေးတံဆိပ် ၆ ဆု ဖြင့် အများဆုံး ရရှိထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၏ အားကစားရန် ပုံငွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် က ၁ ဒသမ ၅ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ၃ ဒသမ ၈ ဘီလီယံအထိ တိုးမြှင့် ခွင့်ပြုပေးခဲ့ရာ လိုအပ်သည့် အားကစားကွင်းများ တည်ဆောက် ခြင်းနှင့် အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ခြင်းများကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်ကိုယ်စားပြု အား ကစားအသင်းသည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားကစားပြိုင် များတွင် ၂၀၁၆ ခုနှစ်က စတုတ္ထဆု၊ ၂၀၁၇ ခုနှစ်က တတိယ၊ ၂၀၁၈ ခုနှစ်က စတုတ္ထအဆင့် ရရှိခဲ့ဖူး ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About