ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မက္ကာသို့ ဘုရားဖူး ဝင်ရောက်ခွင့် ပိတ်ပင် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, February 28, 2020

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မက္ကာသို့ ဘုရားဖူး ဝင်ရောက်ခွင့် ပိတ်ပင်


မင်းဇော်မင်း
.
ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှစ်စဉ် အစ္စလာမ်ဘာသာဝင်များ ဘုရာဖူးလာရောက်ရာ မက္ကာမြို့သို့ ဘုရားဖူးဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
Photo - AFP
 
.
အစ္စလာမ်ဘာသာ၏ အမြင့်မြတ်ဆုံး ဘာသာရေးနေရာများသို့ သွားရောက်မည့် ဘုရားဖူးခရီးစဉ်များအတွက် ဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ဆော်ဒီနိုင်ငံရှိ မက္ကာမြို့နနှင့် မဒီနာမြို့များသို့ ကမ္ဘာအရပ်ရပ်မှ အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာ နှစ်စဉ် ဝင်ရောက်လေ့ရှိရာ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘုရားဖူးခရီးစဉ် များကို အစိုးရအနေဖြင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
.
တစ်ချိန်တည်းမှာပင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေသည့် နိုင်ငံများမှ လာရောက်မည့် ခရီးသွားများကိုလည်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်ရှိ ဆော်ဒီသံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည် ဟု သိရသည်။
.
ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကူဝိတ်၊ ဘာရိန်း၊ အီရတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေသဖြင့် ဆော်ဒီအစိုးရအနေဖြင့် ရောဂါကြိုတင်တားဆီး ကာကွယ်ရေး လုပ်ငန်းတစ်ရပ်အနေဖြင့် ကြိုးပမ်းခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)