စံကား လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 22, 2020

စံကား လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွင့်လှစ်မည်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသ အရှေ့ဘက်ခြမ်းရှိ စံကားကျေး  ရွာတွင် လူထုအခြေပြု ခရီးသွား လုပ် ငန်း(CommunityBased Tourism) ကို အခြားကျေးရွာ CBT များနှင့် ပူး ပေါင်းကာ တရားဝင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း သိရသည်။
.
 
.
စမ်းသပ်ခရီးလေးတွေတော့ စ နေပါတယ်။ အဆောက်အဦက မပြီး သေးတော့ ဖွင့်ပွဲပြီးမှ အဖွဲ့တွေနဲ့တိုင် ပင် လုပ်ဆောင်သွားဖို့ ရှိပါမယ်။ ဖွင့် ပွဲကိုတော့ ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ဝင် ဝန်ကြီးတွေကို ဖိတ်ထားပါ တယ်”ဟု စံကား CBT လုပ်ငန်း ဆက် သွယ်ရေးတာဝန်ခံ၊ ရှမ်းပြည်နယ် တောင်ပိုင်း ခရီးသွားဧည့်လမ်းညွှန် အသင်း အတွင်းရေးမှူး ဦးညီညီဇော် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ စံကား CBT ကို ရေရှည် တည်တံ့သော ခရီးသွားဒေသ ဖွံ့ဖြိုး ရေးနှင့် ရပ်ရွာလူထု အလုပ်အကိုင်ရ ရှိပြီး ဝင်ငွေတိုးပွားစေကာ ကျေးရွာ ပိုင်ရန်ပုံငွေ တိုးတက်စေရေး ရည် ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ် ပြီး တည်းခိုရေး အဆောက်အဦမှာ အီတလီနိုင်ငံ၊ မီလန်မြို့မှ ဒီဇိုင်းပညာ ရှင်များနှင့် ဒေသခံများတည်ဆောက် ထားသည့် ရိုးရာအခြေခံ ခေတ်သစ် အဆောက်အဦဖြစ်ကာ အခန်း ၃ ခန်း၊ လူ ၁၂ ဦး တည်းခိုနိုင်ပြီး လူ ၂၀ ကျော် စားသောက်နိုင်မည့် စား သောက်ခန်း ပါရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
စံကား CBT နှင့်အတူ ကုန်းသာ CBT၊ သာယာကုန်း CBT တို့ကို ပူးတွဲ ကော်မတီများ ဖွဲ့စည်းကာ ရေပူ CBT၊ လုံကန် CBT ကော်မတီများနှင့် လည်း ပူးပေါင်းတိုးချဲ့ လုပ်ဆောင် လျက်ရှိသည်ဟု ၎င်းထံက သိရ သည်။
.
ခရီးစဉ်များ အနေဖြင့် စံကား ကျေးရွာမှ ယဉ်ကျေးမှု အမွေအနှစ် များ လေ့လာရေး တစ်နာရီခွဲကြာ ခြေ လျင်ခရီးစဉ်၊ ရွာအရှေ့ဘက် လွယ် ခေါပအိုဝ်းရွာသို့ ပျော်ပွဲစား နေ့လယ် စာဖြင့် ဧည့်ခံသည့် ခြေလျင်ခရီးစဉ်၊ ရေမြုပ်ဘုရားများ လေ့လာရေးအပါ အဝင် အနောက်ဘက်ကမ်းတာခေါင် မွေတော် ရှမ်းဘုရားများသို့ စက်လှေ ဖြင့် သွားရောက်ဖူးမြော်ပြီး မုန့်ကြွပ် လုပ်ငန်း လေ့လာရေးခရီးစဉ်၊ ကုန်း သာရွာသို့ စက်လှေ/ကားဖြင့်သွား၍ ဝါးဖောင်ဖြင့် နတ်တာရိုး ရေသွယ် မြောင်းသို့ သွားသည့် ခရီးစဉ်များ လုပ်ဆောင်လျက်ရှိကာ နေ့ချင်းပြန် ခရီးစဉ်များအပြင် တည်းခိုရန် အ ဆောက်အဦ ဆောက်လုပ်ပြီးစီးပါက ညအိပ်ခရီးစဉ်များ လုပ်ဆောင်သွား ရန်ရှိသည်ဟု သိရသည်။
.
စံကား၊ သာယာကုန်း၊ ကုန်းသာ ၃ ရွာပေါင်း နံနက် ၁၀ နာရီမှ ည နေ ၄ နာရီအထိ ခရီးစဉ်တွင် လူတစ်ဦး လျှင် ကျပ် ၄၅၀၀၀ ကျသင့်ပြီး ၁၂ ဦး ပါ အုပ်စုတစ်စု လျှင် ၁၈၀၀၀၀ ကျပ် သာ ကျသင့်မည် ဖြစ်ကာဝါးဖောင် အသုံးပြုမှု၊ နေ့လယ်စာများအပြင် လေ့လာနိုင်သည့်နေရာ အကုန် ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းလူ ထုအခြေပြု ခရီးသွားလုပ်ငန်း စျေး ကွက်မန်နေဂျာ ဦးခွန်မင်းရဲကျော် ထံက သိရသည်။
.
ထို့အပြင် စံကားနှင့် သာယာ ကုန်း ၂ ရွာ ခရီးစဉ်တွင်မူ ဝါးဖောင်အ စားလှေများကို အသုံးပြုမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကျပ် ၄၀၀၀ နှင့် ၁၂ ဦးပါ အုပ်စုတစ်စုလျှင် ၁၆၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ လတ်တ လောတွင် နေ့ချင်းပြန် ခရီးစဉ်များကို သာ လုပ်ဆောင်နေပြီး ညအိပ်ခရီး စဉ်များကိုမူ CBT ကော်မတီများ ညှိ နှိုင်းသဘောတူညီချက်ဖြင့် စျေးနှုန်း သတ်မှတ်သွားရန် ရှိနေကာ ညအိပ် ခရီးစဉ်ကို ဖေဖော်ဝါရီလကုန်တွင် စတင်နိုင်မည်ဟု ခန့်မှန်းကြောင်း  ဦး ခွန်ရဲမင်းကျော်က ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်း လေးကန်၊ စံကားအင်း၊ ဖယ်ခုံအင်း များရှိ သဘာဝအလှအပများကို လူထု အခြေပြု ခရီးသွားလုပ်ငန်းများဖြင့် ပြည်တွင်း/ပြည်ပခရီး သွားများ လာ ရောက်လေ့လာ အပန်းဖြေနိုင်ရန် လုပ်ငန်းများ လုပ်ဆောင်နေပြီး ပ အိုဝ်းဒေသ CBT၊ ဓနုဒေသ CBT၊ ဖယ် ခုံဒေသ CBT များ ချိတ်ဆက်လုပ် ဆောင်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာစေမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် ဟိုတယ်နှင့်ခရီး သွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About