ရုရှားအစိုးရမှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များ ပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ရုရှားအစိုးရမှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များ ပိတ်ပင်


မင်းဇော်မင်း
.
ရုရှားအစိုးရအနေဖြင့် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် 2019 nCoV ဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိစေရေး အတွက် တရုတ် နိုင်ငံနှင့် ထိစပ်နေသည့် နိုင်ငံ၏အရှေ့ဘက်ခြမ်း နယ်စပ်ဒေသ ၂၅ ခုကို ဇန်နဝါရီလ ၃၀ ရက်က စတင် ပိတ်ပင်ခဲ့ပြီး ကျန်နယ်စပ် ၁၆ ခုကိုလည်း ဇန်နဝါရီလ ၃၁ ရက်၊ ညသန်းခေါင်အချိန်တွင် ပိတ်ပင်ခဲ့ကြောင်း ရုရှား နိုင်ငံပိုင် TASS မီဒီယာတွင် ဖော်ပြထားသည်။
.
.
အဆိုပါ ပိတ်ပင်ခဲ့သည့် နယ်စပ်မှာ အရှည်မိုင်ပေါင်း ၂၇၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ် နေသည့် နိုင်ငံအရှေ့ဘက်ခြမ်းဒေသတွင် နေထိုင်သူများကို ချက်ခြင်း အသိပေးတပ်လှန့်သွားမည်ဖြစ်ကြောင်း TASS သတင်းတွင်‌ ဖော်ပြထားပြီး ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ပြောဆိုခဲ့သည်ဟု သိရသည်။
.
“ဒီအမိန့်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပြီး ချက်ခြင်း အာဏာသက်ရောက်ပါလိမ့်မယ်” ဟု ဝန်ကြီးချုပ်က ပြော ဆိုခဲ့ခြင်းဖြစ်သည်။
.
လက်ရှိတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများကို eVisa ပိတ်ပင်ထားပြီးဖြစ်သည်ဟု ဇန်နဝါရီလ ၃၀ ရက် တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပြီး တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားအဖွဲ့တစ်ဖွဲ့ အး ရုရှားအစိုးရမှ ဟန့်တားပြန်လွှန်ခဲ့သည်ဟု သိရသည်။
.
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံမှားအနက် ယခုကဲ့သို့ နယ်စပ်ပိတ်ပင်ခဲ့သည့် နိုင်ငံများတွင် ရုရှားနိုင်ငံမှ ဒုတိယမြောက်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံကလည်း ဇန်နဝါရီလ ၂၄ ရက်ကတည်းက နယ်စပ်ကို ပပထမဆုံး ပိတ်ပင်ခဲ့သည့်နိုင်ငံဖြစ်ကာ ရုရှားနိုင်ငံတွင် လက်ရှိ ဇန်နဝါရီလကုန်အထိ ကိုရီုနာဗိုင်းရပ်စ် သံသယလူနာ တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About