ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား RCSS က ရဲတပ်ဖွဲ့သို့ အပ်နှံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား RCSS က ရဲတပ်ဖွဲ့သို့ အပ်နှံ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့က ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများအား တရားခံများနှင့်အတူ ရဲတပ်ဖွဲ့သို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် လွှဲ​ပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။
.

RCSS/SSA အဖွဲ့၊ တပ်မဟာ(၁၉၈)၊ တပ်ရင်း(၃၇၁)မှ ကျောက်မဲ-မိုင်းလုံကားလမ်း ၊ လွယ်ကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က ဖမ်းမိသည့် တရားခံ ၄ ဦး အပါအဝင် ဘိန်းဖြူ ဆပ်ပြာခွက် ၃၃ ခွက်နှင့် ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်က ဖမ်းဆီးရမိသည့် တရားခံ ၂ ဦး အပါအဝင် ပင်နီစလင် ၂ ပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ ဝ ဒသမ ၄ ဂရမ်ခန့်၊ WY စိတ်ကြွဆေးပြား ၆ ပြားတို့ကို အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု(လားရှိုး)သို့ RCSS/SSA အဖွဲ့မှ ကျောက်မဲမြို့ ယာယီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး နန်းမိုးမိုး​စောက လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

လွှဲ​ပြောင်း ​ပေးခဲ့သည့် တရားခံများမှာ နောင်ချိုမြို့၊ ပန်ဟတ်ရပ်နေ အောင်ဝင်းစိုး၊ ဗန်းမော်မြို့၊ အောင်ပြည်သာကျေးရွာနေ အောင်ခိုင်ဖြိုး၊ ရွှေဘိုမြို့နယ်၊ သပြေကန်ကျေးရွာနေ ကြည်သာအောင်၊ ဘီးမြို့၊ ဘိုးရာဇာရပ်ကွက်နေ အာကာထွန်း၊ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်နေ ဒန်နေး၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်၊ နယ်မြေ(၆)နေ သာရာဘီရ်တို့ ဖြစ်​ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် တရားခံများအပ်နှံမှု အခမ်းအနားကို ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု၊ ပကာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်​ကာ တရားခံများအား ​ကျောက်မဲ မြို့မရဲစခန်းမှ မူးယစ်​ဆေးဝါးနှင့် စိတ်ကို ​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်ရာ ဥပ​ဒေဖြင့် အမှုဖွင့် အ​ရေးယူထား​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About