ဖယ်ခုံအင်းတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် အပျော်စီးလှေ ၂ စီးဖြင့် စမ်းသပ်ပြေးဆွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ဖယ်ခုံအင်းတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် အပျော်စီးလှေ ၂ စီးဖြင့် စမ်းသပ်ပြေးဆွဲ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ် ခုံအင်းအတွင်း လူထုအခြေပြုခရီး သွားလုပ်ငန်းအတွက် အပျော်စီး လှေ (Huoseboat) ၂ စီးဖြင့် စမ်းသပ် ပြေးဆွဲလျက်ရှိပြီး ဒေသခံများ အ နေဖြင့် စမ်းသပ်ကာလအတွင်း စျေး နှုန်းသက်သာစွာဖြင့် လိုက်ပါစီးနင်း နိုင်မည်ဖြစ်ကြောင်း လွယ်ပန်းစုံ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ သိရသည်။
.
.
ဖယ်ခုံအင်းအတွင်း ပြေးဆွဲမည့် Huseboat ၂ စီးမှာ MV LPH CHERRY (Lake PEKHON Huse-boat)နှင့် MV LPH LILLY တို့ဖြစ်ပြီး လူဦးရေ ၂၅ ဦးဆံ့နှင့် ၁၂ ဦးဆံ့ လှေ ငယ်များဖြစ်ကြောင်း သိရသည်။
.
“လွယ်ပန်းစုံ လူထုအခြေပြု ခ ရီးသွားလုပ်ငန်းအနေနဲ့ ဆောင်ရွက် တာပါ။ အင်းထဲက ကျွန်းမှာလည်း တည်းခိုနားနေစရာ လုပ်ထားပြီးပြီ။ ဇန်နဝါရီလ ၃၁ ရက်အထိ စမ်းသပ် ကာလအတွင်းမှာ အင်းထဲ ခုတ် မောင်းချိန် ၂ နာရီနဲ့ ကျွန်းပေါ်လည် ပတ်နားနေချိန် ၁ နာရီ သတ်မှတ် ထားပါတယ်”ဟု ဖယ်ခုံမြို့နယ်၊ လွယ်ပန်းစုံ လူထုအခြေပြုခရီးသွား လုပ်ငန်းဥက္ကဋ္ဌ ဦးထွန်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း အပျော်စီး လှေများအ တွက် စင်းလုံးငှားခမှာ ၁၂၅၀၀၀ ကျပ် ဖြစ်ပြီး ခရီးစဉ် မရှိပါက လူတစ်ဦး လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် ၁၂ ဦးရှိ ပါက ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိ ရသည်။
.
ပုံမှန်ခရီးစဉ် အနေဖြင့် နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီခွဲတွင် တစ်ကြိမ် Bamboo House စားသောက်ဆိုင်မှ ထွက်ခွာ မည်ဖြစ်ကာ အစားအသောက်များ အား လွယ်ပန်းစုံလူထုအခြေပြု ခရီး သွားလုပ်ငန်း CBT တွင် မှာယူသုံး ဆောင်နိုင်ကြောင်း သိရသည်။
.
ဖယ်ခုံအင်းမှာ တောင်-မြောက် အရှည် မိုင် ၃၀ နှင့် အရှေ့အနောက် အကျယ်ဆုံး နေရာတွင် ၅ မိုင်ခန့် ကျယ်ဝန်း ပြီး ကျွန်းမှာ ဧက ၆၀၀ ခန့် ကျယ်ဝန်းကြောင်း သိရသည်။
.
ခရီးစဉ်အတွင်း ကျွန်းပတ်စက် ဘီးစီးခြင်း၊ ကယက်လှေ လှော်ခြင်း၊ ငါးမျှားခြင်းနှင့် ကယန်းဒေသ အ စားအစာများကို စားသုံးအပန်းဖြေ နိုင်ကြောင်း သိရသည်။
.
“အခုတော့ Houseboat မောင်းနှင်မှုသင်တန်း ပေးနေရင်းနဲ့ ဒေသခံတွေစီးဖို့ သက်သာတဲ့ စျေး နှုန်းနဲ့ လျှော့ချပေးနေပါတယ်။ တ ကယ့်ခရီးစဉ်မှာတော့ တစ်ညအိပ် ၂ ရက် Night Trip ဖြစ်ပြီး ခန့်မှန်း ကုန်ကျစရိတ် တစ်ဦးကို ကျပ် ၄ သောင်းကနေ ၆ သောင်းခွဲလောက် မှန်းထားပါတယ်” ဟု Houseboat ကုမ္ပဏီ White Swan Boating မှ ဦးအောင် ရဲကျော်က ပြောသည်။
.
အဆိုပါ တစ်ညအိပ် ၂ ရက် Night Trip ခရီးစဉ်များအတွက် MV LPH CHERRY တွင် အိပ်ခန်း ၆ ခန်းနှင့် လူ ၁၅ ဦးအတွက် စီစဉ် ထားရှိပြီး MV LPH LILLY တွင် အိပ် ခန်း ၃ ခန်းနှင့် လူ ၆ ဦးစာအတွက် စီစဉ်ထားရှိကာ ခရီးစဉ်အတွင်း စံ ကားအင်းဘက်သို့ လှေငယ်များဖြင့် သွားရောက် လည်ပတ်မှုလည်း ပါ ဝင်မည်ဖြစ်ကာ သွားလာလည်ပတ် ရန် သင့်လျော်မည့် နေရာများကို အချက်အလက် ကောက်ယူနေဆဲ ဖြစ်ကြောင်းနှင့် ခရီးစဉ်များနှင့် ဆက် သွယ်ရန်တို့ကို မကြာမီ ကြေညာ သွားရန်ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းခရီးသွားလုပ်ငန်းကို လွယ် ပန်းစုံ လူထုအခြေပြု ခရီးသွားလုပ် ငန်း(CBT)၊ လွိုင်ကော်အခြေစိုက် 9 Generation Force ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ပို့ဆောင်ရေး ဝန်ကြီး ဌာနတွင် လိုင်စင်ရယူခဲ့ပြီး အထက် မြန်မာနိုင်ငံ ရေကြောင်းဦးစီးဌာနမှ လည်း လာရောက်စစ်ဆေးသွားပြီး ဖြစ်ကြောင်း သိရသည်။
.
ခရီးစဉ်ကို လေလှိုင်းကျချိန်က ဆုန်, နယုန်လမှ အပ တစ်နှစ်ပတ် လုံးပြေးဆွဲသွားရန်ရှိပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားမြှင့်တင်နိုင်ငံရေး အတွက် အထူးအလေးထား ဆောင် ရွက်သွားရန်ရှိကြောင်း သိရသည်။
.
ခရီးသွားလုပ်ငန်း ဆောင်ရွက် မည့် ဖယ်ခုံမြို့သို့ နေပြည်တော်-ပေါင်းလောင်းလမ်းမှလည်းကောင်း၊ ကလော-ပင်လောင်းလမ်း များမှ လည်းကောင်း သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats