၁၀ ကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ပွဲကို ပင်းတယတွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 27, 2020

၁၀ ကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ပွဲကို ပင်းတယတွင် ပြုလုပ်မည်


စိုင်းရာဇာ
.
၁၀ ကြိမ်မြောက် ဓနုဆုံစည်း ရာနေ့ အခမ်းအနားကို ရှမ်းပြည် နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ ပင်းတယမြို့တွင် မတ်လ ၇ ရက်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်သို့ ဓနုတိုင်းရင်းသားများရှိရာ မြို့နယ် အားလုံးကို ဖိတ်ကြားသွားမည် ဖြစ် ကြောင်း ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် (ဗဟို)ထံမှ သိရသည်။
.
 
.
နှစ်စဉ် တပေါင်းလဆန်း ၁၄ ရက်ကို ဓနုဆုံဆည်းရာနေ့အဖြစ် သတ်မှတ်ထားပြီး ယခုနှစ် ပင်းတ ယမြို့တွင် ကျင်းပပြုလုပ်မည့် ဓနု ဆုံဆည်းရာနေ့ အခမ်းအနားသို့ ဓနုတိုင်းရင်းသားများ နေထိုင်ရာ ရွာငံ၊ ကလော၊ ရပ်စောက်၊ နောင် ချို၊ တောင်ကြီး၊ ကျောက်မဲ၊ ရန်ကုန် နှင့် မန္တလေးမြို့တို့အား ဖိတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ဓနုရိုးရာ ဆွမ်းတော်ကြီး ဝင်မှာ ပေါ့။ ဓနုတွေရှိတဲ့ ၉ မြို့နယ်ကို ဖိတ်ကြားမယ်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ လုပ်မယ်။ ညမှာတော့ အပျော်အနေနဲ့ အက၊ အလှ၊ အ ဆိုတွေနဲ့ ကျင်းပမယ်။ ဆုံဆည်းရာ နေ့ အထိမ်းအမှတ်အနေနဲ့ ဒီနှစ် ကတော့ ဘောလုံးပွဲ မပါတော့ဘူး။ တခြား ပြိုင်ပွဲတွေနဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေ လုပ်ပေးမယ်ဟု ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဌ ဦးနေ မျိုးကျော်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယခုနှစ် ဓနုဆုံဆည်းရာနေ့တွင်  ရိုးရာ ခြင်းလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ကလေး များအတွက် ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
“ဓနုတိုင်းရင်းသားတွေ အများ စုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ရွှေဥမင်ဘုရား ဗုဒ္ဓပူဇနိယ ကျင်းပ တဲ့ အချိန်နဲ့ တွဲပြီး အနယ်နယ်အရပ် ရပ်မှာရှိတဲ့ ဓနုတိုင်းရင်းသားတွေ စုစည်းတွေ့ဆုံနိုင်ဖို့ ဖြစ်ပါတယ် ဟု ဦးနေမျိုးကျော်က ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် ဓနုဆုံဆည်းရာနေ့ အခမ်းအနားတွင် လူမှုရေး အသင်း အဖွဲ့များ၊ စာပေယဉ်ကျေးမှုအသင်း များမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိ ရသည်။
.
ဓနုတိုင်းရင်းသား အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များ ဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့များ တွင် အများစုနေထိုင်ကြပြီး မြန်မာ တစ်နိုင်ငံလုံးတွင် လူမျိုးအလိုက် အ မှတ်စဉ် ၁၀ တွင် တည်ရှိကာ လူဦး ရေ ၈ သိန်းကျော် ရှိနေကြောင်း သိ ရသည်။
.
ရှမ်းပြည်နယ်အတွင်းတွင်မူ ဓနု တိုင်းရင်းသားများသည် ရှမ်း၊ ဗမာနှင့် ပအိုဝ်းတိုင်းရင်းသားများ နောက်တွင် စတုတ္ထ လူဦးရေအများဆုံး လူမျိုး များဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About