တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ဆက်ပွဲ၊ ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, February 24, 2020

တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ဆက်ပွဲ၊ ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲ ကျင်းပ

စိုင်းအောင်မြတ် (တောင်ကြီး)
.
၂၀၂၀ ပြည့်နှစ်၊ တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ဆက်ပွဲ၊ ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်က တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး ကိုယ်စားလှယ် ဦးစောခွန်ကျော်ဝင်း တို့က ကြိုဆိုနှုတ်ဆက်အမှာစကားများ ပြောကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်မောင်ချိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
.
ထို့နောက် ကျောင်းသား/သူများကိုယ်စား ကျောင်းသား ၂ ဦးက ကြိုဆိုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
.
အခမ်းအနားသို့ တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကတသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၊ ပင်လုံတက္ကသိုလ်၊ တက္ကသိုလ်များ (ရန်ကုန်)၊ မော်လမြိုင်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်များမှ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဝင်များ၊ ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ဆက်ပွဲ၊ ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲတွင် ပအိုဝ်းတိုင်းရင်းသား ရိုးရာယိမ်းအကများ၊ တေးသံသာများ၊ ဆရာခွန်တင်ထွဋ်ဦး ဦးစီးသော ပအိုဝ်း ဖက်ရှင်ရှိုး၊ ရှမ်း၊ ဓနု၊ အင်းသား၊ တောင်ရိုးတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပညာထူးချွန်သော ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ တက်ရောက် လာသူများကို ပအိုဝ်းတိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats