ရှမ်းပြည်နယ်အတွင်း Pact အပြည်ပြည်ဆိုင်ရာ အသေးစားချေးငွေလုပ်ငန်း မြို့နယ်ရုံးခွဲများ တိုးချဲ့ ဖွင့်လှစ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

ရှမ်းပြည်နယ်အတွင်း Pact အပြည်ပြည်ဆိုင်ရာ အသေးစားချေးငွေလုပ်ငန်း မြို့နယ်ရုံးခွဲများ တိုးချဲ့ ဖွင့်လှစ်သွားမည်


ထမံသီ
.
ရှမ်းပြည်နယ်အတွင်း Pact Global Microfinance Fund ၏ အ သေးစား ငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း PGMF မှ တာ ဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
.
.
Pact Myanmar (PGMF) ၏ ရပ်စောက်ရုံးသစ်ဖွင့်ပွဲကို ဖေဖော် ဝါရီလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ ရွှေလီလမ်းရှိ အဆို ပါရုံးသစ်တွင် ပြုလုပ်ရာ၎င်းက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
PGMF အဖွဲ့အစည်းအနေဖြင့် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရွာငံ၊ ပင်းတ ယ၊ ပင်လောင်း၊ ကျောက်မဲ၊ နောင် ချိုမြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ် ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အပြင် ယခု ဖေဖော်ဝါရီလအတွင်း ဖယ်ခုံနှင့် ရပ်စောက် မြို့နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်း ပြည်နယ်မှာ ရုံးခွဲ ၁၆ ရုံးနဲ့ ကရင် ပြည်နယ်၊ သံတောင်ကြီးမှာ ၁ ရုံး၊ စုစုပေါင်း ၁၇ ရုံး ဖွင့်ပြီး လုပ်ငန်းတွေ ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု  PGMF မှ တာဝန် ရှိသူက ပြောသည်။
.
Pact Myanmar အနေဖြင့် သင့်တင့်သော အတိုးနှုန်းသတ်မှတ် ချက်များဖြင့် ငွေကြေးဝန်ဆောင်မှု များကို ရေရှည်ဆောင်ရွက်ပေးခြင်း ဖြင့် မပြည့်စုံသည့် မိသားစုများ၏ ငွေကြေး အရင်းအနှီးများကို ဖြည့် ဆည်းပေးကာ လူနေမှုဘဝ အဆင့် အတန်း မြင့်မားရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ရှမ်း ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် ရခိုင်ဒေသတို့တွင် ၁၉၉၇ ခုနှစ်မှ စတင်၍ အသေးစားငွေရေး ကြေးရေးလုပ်ငန်းများကို ဝန်ဆောင် မှု ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စတင်၍ Pact အပြည်ပြည် ဆိုင်ရာ ငွေရေးကြေးရေး ရန်ပုံငွေ အဖွဲ့အစည်း (PGMF) အဖြစ် ဖွဲ့ စည်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
PGMF အဖွဲ့အစည်းမှ စီးပွားရေး ချေးငွေ၊ ပညာရေးချေးငွေ၊ ကျန်းမာ ရေးချေးငွေ၊ စိုက်ပျိုးရေးချေးငွေ၊ ပစ္စည်း ဝယ်ယူခြင်းအတွက် အရစ်ကျ ချေးငွေ၊ စီးပွားရေး လုပ်ငန်းရှင်များ သို့ တစ်ဦးချင်း အပါအဝင် ချေးငွေ အမျိုးအစား ၁၀ မျိုးအတွက် ငွေ ကြေး ဝန်ဆောင်မှုများကို ပေးလျက် ရှိပြီး ကမ္ဘာ့အဖွဲ့အစည်းတစ်ခု ဖြစ် သည့် LIFT၊ မြန်မာနိုင်ငံ ငွေရေး ကြေးရေး စစ်ဆေးရေး ဦးစီးဌာနတို့ နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About