ရန်ကုန်တွင် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် NCA-EAOs ညှိနှိုင်းရေးအဖွဲ့တို့ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, February 22, 2020

ရန်ကုန်တွင် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် NCA-EAOs ညှိနှိုင်းရေးအဖွဲ့တို့ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး


မင်းဇော်မင်း
.
အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-EAOs) ၏ အပစ်အခတ်ရပ်စဲ မှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ တို့သည် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက် အထိ ရန်ကုန်မြို့ရှိ NRPC ရုံး အစည်းအဝေးခန်းမတွင် ၃ ရက် ကြာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
.
 
.
ယင်း ညှိနှိုင်း အစည်းအဝေးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒု ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦး ထွန်းထွန်းဦးနှင့် NCA-EAOs ညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင် ဖဒိုစော ဆဲလ်ဂေတို့က အမှာစကားများ အ သီးသီး ပြောကြားခဲ့သည်။
.
JMC အစည်းအဝေးလည်းလုပ်၊ လိုအပ်တဲ့အခါ နှစ်ဖက်သဘောတူ စာချုပ် (Biliateral) လည်း လုပ်နိုင်ဖို့ နဲ့ အစိုးရဘက်က မတ်လ ၁၀ ရက် ကနေ ၁၃ ရက်အထိ JMC အစည်း အဝေးလုပ်ဖို့ အဆိုပြု ထားပါတယ်။ ဆွေးနွေးမှုတွေ အဆင်ပြေပါတယ်” ဟု အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖွဲ့ဝင် ဦးလှမောင်ရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ဆုံမှုတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်က နေ ပြည်တော်တွင် ပြုလုပ်ခဲ့သည့် JMC အစည်းအဝေး ဆုံးဖြတ်ချက် (၁)၊ NCA အခန်း (၃) ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင် မာအောင် လုပ်ဆောင်ခြင်း၊အခန်း (၆) ကြားကာလအတွင်း ဆောင်ရွက် ရမည့် အစီအစဉ်များနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ယင်း ညှိနှိုင်းအစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်အဖွဲ့မှ ဦးထွန်း ထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိ ယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိ ယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦး ပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ဦးလှ မောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေး တို့ တက်ရောက်ကြပြီး EAO ကိုယ် စားလှယ်အဖွဲ့မှ ဖဒိုစောဆဲလ်ဂေ၊ ဒေါက်တာရွှေခါးရ်၊ စိုင်းလျန်း၊ ဗိုလ် မှူးချုပ် တာမလာဘော၊  ဒုမှူးကြီး ခွန်အောင်မန်း၊ နိုင်အောင်မငေးနှင့် နှစ်ဖက် အလုပ်အဖွဲ့များ တက် ရောက်ကြကာ အကျိုးဆောင်များ အ ဖြစ် ဦးကျော်လင်းဦးနှင့် ဒေါ်ဂျာနန်း တို့က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats