မိုင်းယန်းစည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, February 24, 2020

မိုင်းယန်းစည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ရှိ စည်ပင်သာယာမြို့မဈေးတွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
“ကျွန်တော်တို့ စည်ပင်သာယာရေးဌာနအနေနဲ့ မြို့သာယာလှပရေး သာမကဘဲ ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် ထိန်းသိမ်းကာကွယ်ပေးတာကိုလည်းလုပ်ရပါတယ်” ဟု မိုင်းယန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသန်းဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“မီးဘေးရှောင် မလောင်ခင်တားတာ အကောင်းဆုံးဖြစ်ပါတယ်။ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘယ်လောက်ကောင်း ပါစေ မီးလောင်သွားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုက တန်ဖိုးကြီးတော့ အခုလို အသိ၊ သတိနဲ့ ကြိုတင်ကာကွယ်တာမျိုး လုပ်ဖို့လိုအပ်ပါတယ်” ဟု မိုင်းယန်းမြို့မဈေး ကော်မတီဝင်တစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ မိုင်းယန်းမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မိုင်းယန်းမြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသန်းဇော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးကော်မတီနှင့် ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်ားစီးဌာနနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်းတို့မှ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
.
မိုင်းယန်းမြို့မဈေးသည် မိုင်းယန်းမြို့နယ်သာမကဘဲ နယ်စပ်ဝင်ပေါက်များဖြစ်သည့် “ဝ” အထူးဒေသ (၂) နှင့် မိုင်းလား အထူးဒေသ (၄) နယ်မြေများမှ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရှိနေသဖြင့် ဈေးရောင်း/ဈေးဝယ်များနှင့် စည်ကားပြီး ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ဇာတ် တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats