မိုင်းယောင်းရှိ ပုဗ္ဗဝိဇယစေတီတော် ဘုရားကုန်း၌ ဓမ္မာရုံတည်ဆောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

မိုင်းယောင်းရှိ ပုဗ္ဗဝိဇယစေတီတော် ဘုရားကုန်း၌ ဓမ္မာရုံတည်ဆောက်


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယဆုတောင်းပြည့် စေတီတော် ဘုရားကုန်းတော်၌ ဓမ္မာရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.
 
.
အဆိုပါ ဓမ္မာရုံမှာ အလျား ၇၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေ ရှိမည်ဖြစ်ပြီး ဆရာတော် အရှင်သောမ၏ မတည်ရင်းနှီးငွေနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် မိုင်းယောင်း လူငယ်ဘုံဆွမ်းလောင်းအသင်းက ဦးဆောင်ဆောက်လုပ်နေခြင်းဖြစ်ကာ အလှူငွေများ ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်အတွင်းရှိ ထင်ရှားသော ဘုရားစေတီများမှာ ဓါတ်လုံစေတီတော်၊ ပုဗ္ဗဝိဇယစေတီတော်နှင့် ထပ်ပူခမ်း စေတီတော်တို့ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About