မိုင်းယောင်းမြို့၊ ကြောင်ကျိုက်ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနသဘင် ကျင်းးပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 25, 2020

မိုင်းယောင်းမြို့၊ ကြောင်ကျိုက်ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနသဘင် ကျင်းးပ


စိုင်းအောင်ဇော်လင်း (မိုင်းယောင်း)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ကြောင်ကျိုက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒဘာဏော (စဖွာတိအင်ခမ်း) ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်က မိုင်းယောင်းမြို့ရှိ မွန်ထလိန်းသုဿာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
.
.
အန္တိမ အဂ္ဂိဈာပန အခမ်းအနားတွင် ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား ဓမ္မာရုံ ယာယီစံကျောင်းတော်မှ အန္တိမ အဂ္ဂိ ဈာပန ကျင်းပရာ မွန်ထလိန်းသုဿာန်ဓမ္မာရုံသို့ ကရဝိတ်ဖော်တော်ယာဉ်ဖြင့် ပင့်ဆောင်ခဲ့ပြီး ပစ္ဆိမဝန္ဒနာဂါထာကို ရွတ်ဖတ်ပူဇော်ကာ သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမများက နောက်ဆုံးအကြိမ် ကန်တော့တောင်းပန် လျှောက်ထား ခဲ့ကြောင်း သိရသည်။
.
ထို့နောက် သံဃာတော်များက ဆရာတော်၏ ရုပ်ကလာပ်တော်အား လောင်တိုက်တော်တွင် လက်ယာရစ် ၃ ပတ် လှည့်လည်ပူဇော်ကာ သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်များက သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစချီသော သုံးဂါထာကို ရွတ်ဆို၍ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ဖြင့် မီးပူဇော်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အန္တိမ အဂ္ဂိဈာပနာသဘင် ကျင်းပရာသို့ မိုင်းယောင်းမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်တော် ပင့်ဆောင်ရာလမ်းတစ်လျှောက်နှင့် အန္တိမအဂ္ဂိဈာပနကျင်းပရာဌာနတို့တွင် စေတနာအလှူရှင်များမှ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲဘူး၊ အအေးနှင့် သောက်ရေသန့်များဖြင့် စတုဒိသာပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။
.
ဆရာတော် ဘဒ္ဒန္တဣန္ဒဘာဏော သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၅၆ နှစ်၊ ဝါတော် ၃၆ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About