ဝူဟန်ရောဂါ ဂယက်ကြောင့် မိုင်းယုနယ်စပ်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၈၀၀ ကျော် နေရပ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ဝူဟန်ရောဂါ ဂယက်ကြောင့် မိုင်းယုနယ်စပ်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၈၀၀ ကျော် နေရပ်ပြန်


ကိုကိုနိုင် (မိုင်းယု)
.
ဝူဟန်ရောဂါ (ခ) ကိုရိုနာအဆုတ်ရောင်ရောဂါ ဂယက်ကြောင့် တရုတ်မြန်မာနယ်စပ်၊ မိုင်းယုမြို့နှင့် တရုတ်နိုင်ငံ တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၈၀၀ ကျော် နေရပ်သို့ ပြန်သွားကြကြောင်း သိရသည်။
.
 
.
မြန်မာ-တရုတ်နယ်စပ်ရှိ ကျင်းဟုန်း၊ မိုင်းလုံး၊ မယ်ခေါင်၊ တုန်ဖုန်၊ မိုင်းယုတစ်ဘက်ကမ်း အထူးဒေသ (၄) နယ်မြေ အတွင်းရှိ ကျိုင်းခမ်း၊ နမ့်ပန်း၊ ကျိန်းယဲန်း၊ ဝမ်ဖြတ်ဒေသများနှင့် မိုင်းယုဒေသအတွင်းမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း လုပ်သား ၈၀၀ ကျော်ခန့်သည် မိုင်းယု-ကျိန်းယဲတန်းတံတားမှတဆင့် ကားကြီး၊ ကားငယ်များ၊ ဆိုင်ကယ်များဖြင့် နေရပ်သို့ ပြန်လည်တိမ်းရှောင်နေကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
.
အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် ရက်ပေါင်း ၃၀ မှ ၆၀ ခန့် နေရပ်ပြန်နားကြမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက် အေးချမ်းသွားပါက ပြန်လာကြမည်ဖြစ်ကာ အချို့အလုပ်သမားများမှာ လာရောက်အလုပ်လုပ်ကိုင်မှု မကြာမြင့် သေးခြင်း၊ လုပ်ငန်းရှင်များက ရောဂါကူးစက်မည်ကို စိုးရိမ်သဖြင့် လုပ်ခလစာများ ထုတ်ပေးကာ ပြန်လွှတ်ကြခြင်း ဖြစ်ပြီး အချို့ အလုပ်သမားများမှာ အန္တရာယ်ကို မစိုးရိမ်ဘဲ အလုပ်ဆက်လက်လုပ်ကိုင်လိုကြကြောင်း သိရသည်။
.
ထိုသို့ နေရပ်ပြန်ရာတွင် တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ မှ ၆၀၀၀၀ အထိ ကုန်ကျပြီး ဆိုင်ကယ်တစ်စီးလျှင် တင်ဆောင်ခ ၂၅၀၀၀ ကျပ် ကုန်ကျကြောင်း နေရပ်ပြန်အလုပ်သမားများထံက သိရသည်။
.
ယင်းရွှေ့ပြောင်းအလုပ်သမားများသည် ၂၀၁၄ ခုနှစ်မှ စတင်၍ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိုင်းယုသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး မိုင်းယုနှင့် တရုတ်နိုင်ငံဘက်ခြမ်း တွင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကာ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် နေရပ်ပြန်တိမ်းရှောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats