မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကွင်းနှင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်းတွင် မရောင်းရသည့် ဖရဲသီးကားများ ရာချီ၍ စုပုံရောက်ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကွင်းနှင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်းတွင် မရောင်းရသည့် ဖရဲသီးကားများ ရာချီ၍ စုပုံရောက်ရှိနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူ ဆယ်မြို့ရှိ ၁၀၅ မိုင် သစ်သီးဝလံ ကွင်းနှင့် တရုတ်နိုင်ငံဘက်ခြမ်း၊ ဝမ် တိန်ကွင်းတွင် မရောင်းရသည့် ဖရဲ သီးတင်ကားများ ရာချီစုပုံရောက်ရှိ နေကြောင်း သိရသည်။
.
 
.
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ ရွှေလီမြို့တွင် ဝူ ဟန်ဗိုင်းရပ်စ် ဖြစ်ပွားမှု ထုတ်ပြန် ထားသည့် အမိန့်များအရ ခရီးသွား လာမှု၊ ကုန်သွယ်မှု ပိတ်ဆို့ထားခြင်း များကြောင့် ၁၀၅ မိုင်သို့ ရောက်ရှိ နေသည့် သစ်သီးကားများ ဝယ်ယူ သူမရှိဘဲ စျေးလျှော့ ရောင်းချချိန်က ဝယ်ယူထားသည့် ဖရဲသီးများမှာ လည်း ဆက်လက်သယ်ဆောင်နိုင် ခြင်းမရှိသဖြင့် ပျက်စီးမည့် အခြေ အနေနှင့် ရင်ဆိုင်နေရပြီး ဖရဲသီး ကားများ စုပုံနေခြင်းဖြစ်သည်ဟု မူ ဆယ်မြို့၊ သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
.
“အောက်စျေးနဲ့ရတော့ ကိုက်မ လားဆိုပြီး ဝယ်ပုံထားတဲ့ တရုတ် ဝယ်လက်တွေ ဝမ်တိန်ကွင်းမှာဆက် သယ်ခွင့် မရှိတော့ စုပုံပြီး ဒုက္ခ ရောက်နေကြတယ်။ ဒီဘက်မှာ လည်း မလာသေးဖို့ အကြံပြုနေပေ မယ့် သယ်လာကြတဲ့ ကားတွေလည်း ရောင်းမရတော့ ဒုက္ခရောက်နေကြ တယ်။ တချို့လည်း အလကားပေး နေတယ်။ ယူမယ့်သူတောင် သိပ်မရှိ ဘူး။ ဝူဟန်ရောဂါ ထိန်းချုပ်နိုင်ပြီး အသွားအလာ အရောင်းအဝယ်တွေ ပွင့်လာမှ စျေးကွက် ပြန်ကောင်းလာ မှာပါ။ ရောင်းသူတွေ အနေနဲ့ မခူး ဆွတ်သေးဘဲ တက်မလာကြဖို့အကြံ ပေးချင်ပါတယ်”ဟု ဦးစိုင်းမြင့်ဗိုလ် က ပြောသည်။
.
ဝူဟန်ဗိုင်းရပ်စ် ကူးစက်မြန် အ ဆုတ်ရောင်ရောဂါကြောင့် ဇန်နဝါရီ လ ၂၇ ရက်ကတည်းက တရုတ်နိုင်ငံ အတွင်း လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခ ရီးသွားလာမှုများကို တရုတ်အစိုးရမှ ကန့်သတ်ထားသည့်အတွက် ဖရဲ သီး၊ သခွားမွှေး တင်ပို့ရောင်းချသူ တောင်သူများ နစ်နာဆုံးရှုံးမှု မဖြစ် စေရေး တရုတ်ဘက်မှ ရောဂါထိန်း ချုပ်ပြီး အခြေအနေ တည်ငြိမ်သည် အထိ စောင့်ဆိုင်းပြီးမှ တင်ပို့ကြရန် မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ အထူးသတိပေး ကြေညာချက်ထုတ် ပြန်ထားသည်ဟု သိရသည်။
.
မူဆယ် ၁၀၅ မိုင်အခြေစိုက် ခွာ ညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က မူ “ကားတွေတော့ ဝင်နေကြတယ်။ ဟိုဘက်က လာဝယ်သူ ဒီနေ့ ၁၁၁ ဦး ရှိပါတယ်။ ပြည်နယ်အတွင်း ရောင်း ချဖို့ အောက်စျေးနဲ့ လာဝယ်နေကြ တာပါ။ တခြား ပြည်နယ်ကိုတော့ သယ်လို့မရသေးပါဘူး။ အများစုက တော့ လမ်းအပွင့်ကို ကံစမ်းရင်းဝယ် သိုလှောင်နေကြတာပါ။ တချို့က လည်း ဖရဲကားကို ဝယ်ပြီး အခြေအ နေ မကောင်းရင် ယွမ် ၃၀၀၀ ပေးပြီး ပြန်အပ်လို့ရတယ်ဆိုတဲ့ စည်းကမ်း ချက်နဲ့ ပြန်အပ်ဖို့ ဝယ်နေကြတာပါ။ ဒီအချိန်က ပုံမှန်ဆိုရင် သခွားစျေး ကောင်းမယ့် အချိန်ပါ။ အခုတော့ ကံဆိုးကြတယ်” ဟု ဇန်နဝါရီလ ၃၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တရုတ်ဝယ်လက်များမှ ဝယ်ပြီး မယူပါက ယွမ် ၃၀၀၀ အပြည့် လျော် ပေးရာတွင် ရောင်းချပေးသည့် ပွဲရုံ ၏ ညှိနှိုင်းမှုအပေါ်တွင် မူတည် ကြောင်းနှင့် ယခုကဲ့သို့ အခက်အခဲ ကာလတွင် နိုင်ငံတော်အစိုးရမှ အ ခွန်ကောက်ခံမှုကို လျှော့ပေါ့စဉ်းစား ပြီး တောင်သူများကို ကူညီစောင့် ရှောက်ပေးရန် မျှော်လင့်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ခွာညိုပွဲရုံ၏ ဇန်နဝါရီလ ၃၀ ရက်၊ သစ်သီး အဝင်စာရင်းများအရ ဖရဲ ၂၈ စီး၊ ဂျပ်ဖာ ၉၄ စီး၊ သခွား ၁၂ စီး ရှိခဲ့ပြီး 855-1000-1200 တန်း ဖရဲမှာ ယွမ် ၁၀၀၀၀ မှ ၁၇၀၀၀ အ ထိလည်းကောင်း၊ 1300 တန်းနှင့် အထက် ယွမ် ၃ဝဝဝ မှ ၈၀၀၀ အထိ ရှိပြီး ၁၆ တန် စီးပြတ် စျေးရှိကြောင်း သိရသည်။
.
ထို့အတူ ထျဲဝမ်စီးပြတ် ယွမ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ လည်း ကောင်း၊ တစ်တန်လျှင် ယွမ် ၁၀၀၀ မှ ၁၅၀၀ အစေ့မဲ့များ မရောင်းရဘဲ ရွှေသခွား ထိပ်စ တစ်တန် ယွမ် ၃၀၀၀ မှ ၃၈၀၀၊ ပုံမှန်နှင့် အညံ့များ ယွမ် ၁၅၀၀ မှ ၂၈၀၀၊ ဝူခုံး၊ ရွှေဖရဲ၊ ဖရဲသခွားများ ယွမ် ၁၅ဝဝ မှ ၃၀၀၀ အထိ ဖြစ်ပြီးငွေစျေးမှာ ၁ ယွမ်လျှင် မြန်မာငွေ ၂၀၄ ကျပ် ပေါက်စျေး ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About