မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်တွင် သစ်သီးတင် ယာဉ်များအား ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့် ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်တွင် သစ်သီးတင် ယာဉ်များအား ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့် ပြု


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အခြေစိုက် သစ်သီး ဝလံ ကုန်စည်ဒိုင်တွင် သတ်မှတ်ရက် အတွင်း ဝင်ရောက်လာသည့် သစ် သီးတင်ကားများအား ကောက်ခံနေ သည့် ကုန်စည်ဒိုင်ကြေးကင်းလွတ် ခွင့်ပြုမည် ဖြစ်သည်ဟု ဖေဖော်ဝါရီ လ ၁၀ ရက်က ကြေညာခဲ့သည်။
.

.
ယင်း ကြေညာချက်တွင် သစ် သီးဝလံကုန်စည်ဒိုင်မှ ကောက်ခံနေ သော ကုန်စည်ဒိုင်ကြေးများအား ဖေ ဖော်ဝါရီလ ၁၀ ရက်မှ ၂၃ ရက် အ တွင်း ဝင်ရောက်လာသည့် သစ်သီး တင်ယာဉ်များကို ကင်းလွတ်ခွင့်ပြု မည်ဖြစ်ပြီး လိုအပ်ပါက ကုန်စည် ဒိုင်ကြေး ကင်းလွတ်ခွင့်ကို ရက်တိုး မြှင့် သတ်မှတ်ပေးသွားမည် ဖြစ် ကြောင်း ဖော်ပြပါရှိသည်။
.
စိုက်ခင်း အောင်တဲ့ တောင်သူ တွေကတော့ အရမ်း မရှုံးကြဘူး။ ပြည်တွင်းမှာလည်း စားနှုန်းတက် လာတော့ အမြတ်သိပ်မကျန်ပေမယ့် သိပ်မထိခိုက်ဘူးပေါ့။ ခင်းဖြတ်ကုန် သည်တွေသာ ထိခိုက်ကြတယ်။ စရံ တွေ ရှုံးကြတာပေါ့။ တရုတ်ကြယ် ဂေါင်ဘက် ဝယ်လက်တွေကတော့ အတော်ရှုံးကြတယ်။ အခွန်ကတော့ တတ်နိုင်သမျှ ကူညီတဲ့အနေနဲ့ လျှော့ပေးကြတာပါ။ သူတို့အတွက် မထောင်းသာပေမယ့် တတ်နိုင်သမျှ ပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝ လံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့် ဗိုလ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခင်က ၁၂ ဘီး ကားကြီးတစ် စီးလျှင် သစ်သီးကုန်စည်ဒိုင်ဝင်ကြေး ကျပ် ၃၀၀၀ ကောက်ခံနေခြင်းဖြစ် ပြီး ယခုအခါ ယင်း အခွန်များကို ကင်းလွတ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
မူဆယ်အခြေစိုက် ခွာညိုသစ် သီးပွဲရုံ၏ ဖေဖော်ဝါရီလ ၁၂ ရက် စာရင်းအရ ဖရဲ 855 ကား ၂၁ စီး၊ ဂျပ်ဖာ ၇၇ စီးနှင့် သခွား ၄၈ စီး ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ဝယ် လက် ၉၀ ဦးမှ လာရောက်ဝယ်ယူ ခဲ့ကာ တရုတ်နိုင်ငံဘက်တွင် ကိုရို နာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှု တိုး တက်လာသည့်အတွက် စျေးကွက် မျှော်လင့်ချက် ပိုမို များပြားလာနေ သည်ဟု သိရသည်။
.
နှစ်နိုင်ငံ ကုန်သွယ်ရေးက အ ဆိုးဆုံး အခြေအနေမှာ ရင်ဆိုင်ရတာ ကတော့ ပကတိအခြေအနေမှန်ပါ။ ဖရဲသီး ပို့ကုန်တွေကတော့ ဆိုးရွား တဲ့ စျေးတန်းအောက်မှာ မလူးသာ မလွန့်သာ အခြေအနေမှာ ရှိနေဆဲ ပါ။ အောက်မှာထားလည်း ရှုံး၊ ပို့ လာရင်လည်းရှုံး၊ အဝင်ကလည်း ထိန်းဖို့ခက်၊ ရွှေသခွားမွှေး ပုံမှန် ရောင်းနေရတဲ့အကြောင်းက အွန် လိုင်းစနစ်နဲ့ အိမ်အရောက် ပို့ပေးနိုင် တာနဲ့ အဝင်နည်းတာကြောင့်ပါ” ဟု ခွာညို သစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင် မောင်က ပြောသည်။
.
စျေးကွက်အနေဖြင့် 855 ထိပ် တန်းဖရဲ စီးပြတ်ယွမ် ၈၀၀၀ မှ ၁၃၀၀၀၊ ပုံမှန်အစ ယွမ် ၃၀၀၀ မှ ၇၀၀၀၊ ထဲန့်ဝမ် AAA အစီးပြတ် ယွမ် ၈၀၀၀ မှ ၁၂၀၀၀ ပေါက်စျေး ရှိပြီး တရုတ်နိုင်ငံ၊ ဝမ်တိန်ဂိုထောင် တွင် ဖရဲ၊ သခွားများ အပြည့်ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။
.
ဖေဖော်ဝါရီလ  ၁၆  ရက် ငွေလဲ နှုန်းအရ တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာငွေ ၂၀၇ ကျပ်ခန့် ပေါက်စျေး ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About