မိုင်းတုံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့်ကလေးငယ် နေထိုင်ရာ ကျေးရွာအတွင်း ရောဂါကာကွယ်ရေးနှင့် အသိ ပညာပေးမှုများ ပြလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

မိုင်းတုံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့်ကလေးငယ် နေထိုင်ရာ ကျေးရွာအတွင်း ရောဂါကာကွယ်ရေးနှင့် အသိ ပညာပေးမှုများ ပြလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားပါကော်ကျေးရွာတွင် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကာ ဆေးရုံသို့ ရောက်ရှိလာသဖြင့် ယင်းကလေးငယ် နေထိုင်ရာ ကျေးရွာအတွင်း ရောဂါကာကွယ်ရေးနှင့် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း မိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
အဆိုပါ ကလေးငယ်မှာ သွေးလွန်တုပ်ကွေး အပြင်းဖျားကာ ဖေဖော်ဝါရီလ ၁၁ ရက်က မိုင်းတုံမြို့နယ်ဆေးရုံသို့ ရောက်ရှိလာသဖြင့် မိုင်းတုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၎င်းနေထိုင်ရာ နားပါကော်ကျေးရွာ၌ ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး မှုများကို သွားရောက်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

.
“ရောက်လာတဲ့ကလေးက Dengue Shock ရနေတယ်။ ပြီးတော့ သွေးလည်းထွက်နေတယ်။ အရင်နှစ်ကထက် အများကြီး စောဖြစ်ပါတယ်။ မိဘတွေအားလုံး ကလေးတွေကို ဂရုစိုက်ကြပါ။ ကိုယ့်အိမ်ကိုယ့်ခြံ ဖုံး၊ သွန် လဲ၊ စစ် လုပ်ကြပါ။ ခြင်ကိုက်မခံကြပါနဲ့” ဟု မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံတွင် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နှင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း ၁၉ ဦးဖြင့် ဆောင်ရွက်ခဲ့ရာ လူဦးရေ ၄၆၉ ဦး နေထိုင်ရာ နားပါကော်ကျေးရွာရှိ အိမ်ခြေ ၁၂၉ အိမ်တွင် ပိုးလောက်လန်း နှိမ်နင်းခြင်းလုပ်ငန်း အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အိမ်ခြေ ၉ အိမ်ရှိ အိုးခွက် ၁၁ ခု၌ ပိုးလောက်လန်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)