ရှမ်းပြည်ထွက် ကြက်သွန်ဖြူများ ထိုင်းသို့ တင်ပို့ရာ၌ ဈေးကောင်း ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 22, 2020

ရှမ်းပြည်ထွက် ကြက်သွန်ဖြူများ ထိုင်းသို့ တင်ပို့ရာ၌ ဈေးကောင်း ရ


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ် ပွားသည့် ကူးစက်မြန် ပြင်းထန် အ ဆုတ်ရောင်ရောဂါကြောင့် တရုတ် နိုင်ငံမှ ကုန်စည်ရောင်းဝယ်မှု နည်း ပါးသဖြင့် ရှမ်းပြည်နယ် ဒေသထွက် ကြက်သွန်ဖြူများကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ အဝယ်များပြီး စျေး ကောင်း ရရှိလာနေသည်ဟု သိရ သည်။
.

.
စျေးက တက်လာတယ်။ အ ရင်းလောက်တော့ ရကြပြီ။ အရင် ကျန်နေတဲ့ ကြက်သွန်ဖြူတွေလည်း ရောင်းထွက်ကြတယ်။ ဝူဟန်ဗိုင်း ရပ်စ်ကြောင့် တရုတ်ကြက်သွန်ဖြူကို ထိုင်းကမဆွဲလို့ ဒီလိုစျေးရတာ။ လာ မယ့် ကဆုန်လပြည့်နေ့အထိ စျေး တက်လာမယ်ဆိုရင် ရှုံးနေတဲ့ ကြက် သွန်ဖြူစိုက် တောင်သူတွေ အမြတ် ရဖို့ မျှော်လင့်နိုင်တယ်။ တရုတ်အ ခက် မြန်မာ့အချက်ပေါ့” ဟု ကြက် သွန်ဖြူစိုက် တောင်သူတစ်ဦးဖြစ်သူ မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းနောင့်က ပြောသည်။
.
ကြက်သွန်ဖြူ အများဆုံးစိုက်ပျိုး ရာ မိုင်းပန်ဒေသတွင် လက်ရှိ ဖြတ် ခင်းရောရာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်း စျေးရရှိပြီး လုပ်အားခမပါ၊ သွင်းအားစုနှင့် အရင်း ၁၇၀၀ ကျပ် ကျသင့်သဖြင့် မရှုံးသော်လည်း မ မြတ်သေးကြောင်း ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း တုံတွင်မူ ဖြတ်ခင်းရောရာ တစ်ကီ လိုလျှင် ထိုင်းဘတ်ငွေ ၂၀၊ မြန်မာငွေ ၁၀၀၀ ကျပ်ခန့် ရရှိနေကာ လာမည့် ကြက်သွန်ထွက် ရာသီ ဖြစ်သည့် သင်္ကြန်အလွန်ကာလတွင် ထိုင်းစျေး ကွက် အဝယ်လိုက်ရေးအတွက် မျှော် လင့်နေကြောင်း တောင်သူများထံက သိရသည်။
.
ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့ပြည် တွင်းထုတ် စားသောက်ကုန်လုပ်ငန်း မျိုးစုံအတွက် ပြည်ပမှ ကြက်သွန်ဖြူ အများအပြား ဝယ်ယူလေ့ရှိရာ ယ ခင်က မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ အဓိက ဝယ်ယူခဲ့သဖြင့် တောင်သူ များ အကျိုးစီးပွား ဖြစ်ထွန်းခဲ့ သော် လည်း ၂၀၁၄ ခုနှစ်ခန့်မှစတင်ကာ တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ များကို အများအပြား ဝယ်ယူတင် သွင်းခဲ့သဖြင့် မြန်မာ့ကြက်သွန်ဖြူ စျေးကွက် ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ၊ လဲချား၊ မိုင်းပန်နှင့် ရှမ်းပြည်နယ်အ ရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်များမှ စိုက် ပျိုး ထွက်ရှိသည့် ရှမ်းကြက်သွန်ဖြူ များကို တာချီလိတ်နယ်စပ်ကုန်သွယ် ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် တန်ချိန် သိန်းချီ ရောင်းချလျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About