မိုင်းရှူးတွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 16, 2020

မိုင်းရှူးတွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ


စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု မီနီမာရသွန်အပြေးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသူများအား မိုင်းရှူးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းကောင်ခမ်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၃၇၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသူများအား ငွေကျပ် ၅၀၀၀၀၊ ဒုတိယဆု ရရှိသူများအား ငွေကျပ် ၃၀၀၀၀၊ တတိယဆုရရှိသူများအား ငွေကျပ် ၂၀၀၀၀ စီနှင့် နှစ်သိမ့်ဆုရ အားကစားသမား ၁၀၀ ဦးအား ငွေကျပ် ၃၀၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About