မိုင်းဆတ်တွင် စုပေါင်းမီးသင်္ဂြိုဟ်စက်အား စတင် အသုံးပြုခွင့်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

မိုင်းဆတ်တွင် စုပေါင်းမီးသင်္ဂြိုဟ်စက်အား စတင် အသုံးပြုခွင့်ပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့တွင် တည်ဆောက်ပြီးစီးခဲ့ သည့် စုပေါင်းမီးသင်္ဂြိုဟ်စက် ထိန်း သိမ်းရေး ကော်မတီနှင့် ဘဏ္ဍာရေး၊ စစ်ဆေးရေးကော်တီများကို ဇန်နဝါ ရီလ ၂၉ ရက်က ဖွဲ့စည်းခဲ့ပြီး ယင်း နေ့တွင်ပင် မီးသင်္ဂြိုဟ်စက်အား အ သုံးပြုခွင့်ပေးခဲ့ကြောင်း စုပေါင်း မီး သင်္ဂြိုဟ်စက် ထိန်းသိမ်းရေးကော်မ တီ ဥက္ကဋ္ဌ၊ မိုင်းဆတ်မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်း ကျော်အောင်ထံက သိရသည်။
.
.
အဆိုပါ ကော်မတီများ ဖွဲ့စည်း ခြင်းကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ပိုင်းက မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ် သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“၂၀၁၈ က စတည်တာဆိုတော့ ၂ နှစ်လောက်ကြာခဲ့တယ်။ အောင် ပန်းကို နမူနာယူပြီး တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ ရိုးရာနဲ့ ဘာသာ ရေးအရ သင်္ဂြိုဟ်ချင်သူတွေအတွက် လည်း မူလသုဿာန် ဟောင်းမှာ ဆက်လက် အသုံးပြုနိုင်ပါတယ်။ အအေးခန်း၊ ခြံစည်းရိုးနဲ့ အဝင်/အ ထွက်လမ်းတွေ ထပ်လုပ်ဖို့ ရှိပါမယ်” ဟု ဦးစိုင်းကျော်အောင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
မိုင်းဆတ် သုဿာန်မြေသစ်မှာ ၈ ဧက ကျယ်ဝန်းပြီး ၄ ဒသမ ၉ ဧက အား သုဿာန်မြေအဖြစ် အသုံးပြုခွင့် ရရှိထားပြီး ဖြစ်ကာ ကျန်မြေများ ကို တင်ပြထားဆဲ ဖြစ်ကြောင်းနှင့် ကော်မတီမှ သင်္ဂြိုလ်ရေး ဝန်ထမ်း ၂ ဦး၊ အစောင့်နှင့် ဥယျာဉ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို ခန့်အပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
မိုင်းဆတ် သုဿာန်မြေသစ်တွင် တည်ဆောက်ထားသည့် မီးသင်္ဂြိုဟ် စက်၌ စက် ၂ လုံး ပါရှိပြီး ဒီဇယ်သုံး နော်ဇယ် အင်ဂျင်များအတွက် ဒိုင်န မို ၁၀ ကီလိုဖြင့် တွဲဖက်အသုံးပြုကာ တစ်ပြိုင်တည်း လူ ၂ ဦးကို မီးသင်္ဂြိုဟ် နိုင်မည်ဖြစ်ပြီး နောက်တစ်ရက်တွင် အရိုးနှင့် ပြာများကောက်ကာ ဂူသွင်း နိုင်မည်ဖြစ်ကြောင်းနှင့် ထင်းမီးဖြင့် သင်္ဂြိုဟ်မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ် ကာ သာမန်မြေမြှုပ်မည်ဆိုပါက နံ ပါတ်စဉ်အလိုက် ရယူထားသူများကို တစ်ဦးချင်း မြှုပ်နှံပေးရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“သုဿာန်အဟောင်းနဲ့ အသစ် ဆိုရင် ၉ ဒသမ ၅ ဧက ကျယ်ပါတယ်။ စည်ပင်ဌာနရဲ့ သတ်မှတ်ချက် အရ တော့ အရင်လိုမြေမြှုုပ်ရင် ၂၀၀၀ ကျပ်နဲ့ အုတ်ဂူတည်ရင် ၅၀၀၀ ကျပ် ပေးသွင်းရပါမယ်။ မီးသင်္ဂြိုဟ်စက်နဲ့ ဆိုရင်တော့ ကော်မတီရဲ့ သတ်မှတ် ချက်အရ တစ်ဦးကို ၇၀၀၀၀ ကျပ်၊ အုတ်ဂူသွင်းရင် ၅၀၀၀၀ ကျပ်နဲ့ ကျောက်စာ ကမ္ဗည်းတပ်ရင် ၁၀၀၀၀ ကျပ် သတ်မှတ်ထားပါတယ်” ဟု မိုင်း ဆတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးကျော်နိုင်က ပြောသည်။
.
ကော်မတီ ဖွဲ့စည်းသည့် အစည်း အဝေးတွင် မိုင်းဆတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးနေမျိုးအောင်က စုပေါင်း မီးသင်္ဂြိုဟ်စက် တည်ဆောက်နိုင် ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြခဲ့ပြီး ထိန်း သိမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းကာ စစ်ဆေးရေး ကော် မတီနှင့် ဘဏ္ဍာရေး ကော်မတီတို့ တွင် အဖွဲ့ဝင် ၃ ဦးစီဖြင့် ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။
.
အဆိုပါ စုပေါင်းမီးသင်္ဂြိုဟ် စက်ကို ကိုယ့်အားကိုယ်ကိုး တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ကုန်ကျငွေ စုစု ပေါင်း မြန်မာကျပ်ငွေ ၇၇၆၈၆၇၅၀ နှင့် ထိုင်းဘတ်ငွေ ၃၁၉၉၅၁ ဘတ် ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats