မိုင်းဆတ်တွင် တရားမဝင် အေးခဲ အသားငါး ရောင်းချခြင်း မပြုရန် ပညာပေး စစ်ဆေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

မိုင်းဆတ်တွင် တရားမဝင် အေးခဲ အသားငါး ရောင်းချခြင်း မပြုရန် ပညာပေး စစ်ဆေးမှုများ ပြုလုပ်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်အတွင်း တရားမဝင် အေး ခဲအသားနှင့် ငါးများ ရောင်းချခြင်း မပြုရန် ပညာပေး စစ်ဆေးမှုများ ပြု လုပ်လျက်ရှိသည်ဟု သိရသည်။
.
.
“မြို့အဝင် ပူးပေါင်းဂိတ်မှာ နား ကောင်းမူးဘက်က ကားတစ်စီးမှာ အေးခဲ အသားတွေ တရားမဝင်တင် လာတာတွေ့လို့ ပထမအကြိမ် အနေ နဲ့ ပညာပေးပြီး ပြန်လွှန်လိုက်ပါ တယ်။ အခုက အိမ်နီးချင်းနိုင်ငံတွေ မှာလည်း ရောဂါဖြစ်ပြီး ကြက်တွေ၊ ဝက်တွေ သေဆုံးနေတာရှိလို့ တ ရားဝင် တင်သွင်းတဲ့ အသားတွေကို ပဲ ရောင်းချခွင့်အတွက် ပညာပေး ကာလ သတ်မှတ်လုပ်ဆောင်နေပါ တယ်”ဟု မိုင်းဆတ်ခရိုင် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နိုင်ထွန်းဦးက ပြောသည်။
.
ယင်းကဲ့သို့ တရားမဝင် အေးခဲ အသားငါးများ ရောင်းချမှုနှင့် ပတ် သက်၍ ဖေဖော်ဝါရီလကို ပညာပေး ကာလသတ်မှတ်ပြီး မရောင်းချရန် ပညာပေးသွားမည်ဖြစ်ပြီး ဒုတိယ အကြိမ် တွေ့ရှိပါက သိမ်းဆည်းသွား မည်ဖြစ်ကာ တတိယအကြိမ်တွင်မူ ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။
.
အဆိုပါ တရားမဝင် အေးခဲအ သားများမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူး၊ ပုံပါကျင်စျေး များတွင် ရောင်းချမှုများ ရှိနေသဖြင့် အသိပညာပေး တားမြစ်ရခြင်း ဖြစ် သည်ဟု သိရသည်။
.
“မိုင်းဆတ် မြို့မစျေးကြီးထဲက ဆိုင်ခန်းပေါင်း ၄၄၀ နဲ့ ပြင်ပဆိုင် တွေကို တရားမဝင် အေးခဲအသား တွေ မရောင်းဖို့ ပညာပေးကာလ သတ်မှတ်ပြီး လုပ်ဆောင်နေပါ တယ်” ဟု မိုင်းဆတ်မြို့နယ် စည်ပင် သာယာရေးဌာနမှ အမှုဆောင်အ ရာရှိ ဦးကျော်နိုင်က ပြောသည်။
.
လက်ရှိတွင် မိုင်းဆတ်စည်ပင် သာယာစျေးနှင့် အိမ်ဆိုင်များသို့ ပညာပေးစာစောင်များ လိုက်လံဖြန့် ဝေပေးလျက်ရှိပြီး စားသုံးသူဥပဒေ သတ်မှတ်ချက်အရ တရားဝင် ကုမ္ပ ဏီများမှ တင်သွင်းသည့် ညွှန်ကြား ချက်နှင့် ကိုက်ညီသော ရောင်းကုန် များကိုသာ စျေးကွက်အတွင်း ဖြန့် ဖြူးရန် အသိပညာပေးလျက်ရှိသည် ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာ ယာရေးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About