မိုင်းဆတ်တွင် နေအိမ်တစ်လုံး မီးလောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 16, 2020

မိုင်းဆတ်တွင် နေအိမ်တစ်လုံး မီးလောင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၅ ရက်၊ ညပိုင်းက မီးကြွင်းမီးကျန်မှ တဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“မီးသတ်က အမြန်ဆုံး ငြှိမ်းသတ်နိုင်ခဲ့လို့ တခြားနေရာတွေတော့ မီးမစွဲပါဘူး။ တစ်အိမ်ပါပဲ” ဟု မိုင်းဆတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလလမ်းရှိ ဒေါ်ပါထူး (ခ) ဒေါ်ကြည်ကြည်ဝင်း၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်က မီးကြွင်းမီးကျန်မှ တဆင့် နေအိမ် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ မိုင်းဆတ်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အလျား အနံ ပေ ၃၀ ပတ်လည်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄ သိန်းခွဲခန့်ရှိကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်ပါထူး (ခ) ဒေါ်ကြည်ကြည်ဝင်း (၅၇ နှစ်) အား မိုင်းဆတ်မြို့မရဲစခန်းမှ (ပ)၄၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About