မိုင်းဆတ်တွင် ဘိန်းစိုက်ခင်း ၁၂ ဧကကျော်အား ပူးပေါင်းအဖွဲ့မှ ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

မိုင်းဆတ်တွင် ဘိန်းစိုက်ခင်း ၁၂ ဧကကျော်အား ပူးပေါင်းအဖွဲ့မှ ဖျက်ဆီး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့နယ်အတွင်း တရားမဝင် စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၁၂ ဧကကျော်အား ဖေဖော်ဝါရီလ ၁ ရက် က ပူးပေါင်းအဖွဲ့များမှ ရှာဖွေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.
ဘိန်းခင်း ဖျက်ဆီးရာတွင် မိုင်း ဆတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တ ရာယ်တားဆီးကာကွယ်ရေး ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အ မှတ် (၂၉) မူးယစ်တပ်ဖွဲ့စုမှူးတို့ ဦး ဆောင်သည့် ပူးပေါင်းအဖွဲ့များမှပွင့် သီးဆဲ ဘိန်းခင်း ၁၂ ဒသမ ၅ ဧကကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ ဖျက်ဆီးရာတွင် မိုင်း ဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ အုပ်စု၊ ရှုခင်းသာ (၃) ကျေးရွာ၊ ဝမ် ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ (၂) ရွာအကြားတွင် စိုက်ပျိုးထားသည့် ပွင့်သီးဆဲဘိန်းခင်း ၄ ဒသမ ၅ ဧက နှင့် ရှုခင်းသာ (၂) ကျေးရွာနှင့် ရှု ခင်းသာ (၁) ကျေးရွာအကြားတွင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၂ ဧက ကိုလည်းကောင်း၊ ဝမ်ကောင်းကျေး ရွာအုပ်စု၊ ဟားကွယ်ကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း ၆ ဧက ကိုလည်း ကောင်း ဖျက်ဆီးခဲ့ကြောင်း သိရ သည်။
.
မိုင်းဆတ်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်က ဘိန်းစိုက်ခင်း ၅၉ ဒသမ ၇ ဧက၊ ၂၀၁၇-၂၀၁၈ ခုနှစ် က ဘိန်းစိုက်ခင်း ၅၇ ဒသမ ၁ ဧက နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဘိန်း စိုက်ခင်း ၂၇ ဒသမ ၃ ဧကအား ဖျက် ဆီးနိုင်ခဲ့ပြီး ယခုဖျက်ဆီးသည့် ဘိန်း စိုက်ခင်း ၁၂ ဒသမ ၅ ဧကမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About