သတင်းအတုအယောင်၊ သတင်းမှားနှင့် သတင်းခိုးယူနေသည့် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာ အမည်စာရင်းကို MPC ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 24, 2020

သတင်းအတုအယောင်၊ သတင်းမှားနှင့် သတင်းခိုးယူနေသည့် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာ အမည်စာရင်းကို MPC ထုတ်ပြန်


မင်းဇော်မင်း
.
သတင်းအတုအယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးယူဖော်ပြနေသည့် ဝက်ဘ်ဆိုက်များနှင့် လူမှု ကွန်ရက်စာမျက်နှာ (Facebook Page) များ၏ အမည်စာရင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်း ထုတ်ပြန်ချက်အမှတ် (၄/၂၀၂၀) ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
MPC အနေဖြင့် ယင်းကဲ့သို့ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများ၏ အမည်စာရင်းကို ထုတ်ပြန် ကြေညာခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းက ၂ ကြိမ်တိုင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
“သတင်းအမှားတွေ၊ သတင်းခိုးယူနေတာတွေကို လူထုသိအောင် ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ ကျွန်တော် တို့ တင်ပေးတာကို Facebook ကလည်း စောင့်ကြည့်ပြီး ပထမအကြိမ်က Page ၅ ခုကို ဖြုတ်ချခဲ့ပါတယ်။ နောက် ကွယ်ကလူကို ဖော်ထုတ်ဖို့နဲ့ ထိရောက်အောင် ဆောင်ရွက်ဖို့က အစိုးရအနေနဲ့ပဲ တတ်နိုင်မှာပါ” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ယင်းကဲ့သို့သတင်းအတုအယောင်၊ သတင်းမှားနှင့် သတင်းခိုးယူသည့် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက် စာမျက်နှာ များကို တွေ့ရှိပါက ထပ်မံထုတ်ပြန်သွားည်ဖြစ်သည်ဟု ဦးမြင့်ကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
ယခုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် သတင်းခိုးယူနေသည့် ဝက်ယ်ဆိုက်နှင့် လူမှုကွန်ရက်များ၏ အမည်စာရင်းအား ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
.
အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများမှာ PNCSBarnyar Barnyar NewsMytterETS- Every Time StoryONLINE LAWKAThazin MediaMyanmar News TeamMay Yu NewsSwe Yaung Lan E.T.S  Every Time Story၊ စွယ်စုံသတင်းထူးများ၊ Knowledge Village KVVPS- MCKZONEMyanmar International Breaking NewsMyanmar ExpressFocus MyanmarRAZZWIRE၊ မန္တလေးသတင်းအကုန်သိရန်၊ MM Affairs and NewKalaykalarNobel Online Service & General BM Live News ၊မွန်ကရင်ပြည်သူ့ မီဒီယာ၊ K MediaMyanmar Daily News  Search MyanmarMandalay DailyKBZ mediaForward Media Group၊ ရွှေမြန်မာနေ့စဉ် သတင်းနှင့် သုတစွယ်စုံ တို့ဖြစ်ကြောင်း သိရသည်။
.
ယင်း လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်စာမျက်နှာများသည် အခြားသတင်းမီဒီယာများမှ သတင်းများ၊ ဓါတ်ပုံများ၊ ရုပ်သံများကို မူလပိုင်ရှင်များအား အသိမပေးဘဲ ကူးယူဖော်ပြခြင်း၊ ပြန်လည်မျှဝေခြင်း၊ သတင်းမှားများ၊ ပုံ ဖျက်လုပ်ကြံထားသော သတင်းများ ထုတ်လွှင့်တင်ဆက်ခြင်း၊ အတင်းအဖျင်းများ ကူးယူဖော်ပြခဲ့သည့်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ယင်းစာရင်းတွင် ဖော်ပြပါရှိသော ရွှေမြန်မာနေ့စဉ်သတင်းနှင့် သုတစွယ်စုံ လူမှုကွန်ရက်မှာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် မောင်လှမျိုး ချင်းချောင်းခြံ အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် မောင်လှမျိုး ချင်းချောင်းခြံ နေ့စဉ်သတင်းနှင့် သုတစွယ်စုံ ဟု အမည်ပြောင်းလဲကာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက်တွင် နေ့စဉ်သတင်းနှင့် သုတစွယ်စုံအမည်ဖြင့်လည်းကောင်း၊ ယင်းနှစ် ဧပြီလ ၂၅ ရက်တွင် ရွှေမြန်မာ နေ့စဉ် သတင်းနှင့် သုတစွယ်စုံဟု အဆင့်ဆင့် အမည်ပြောင်းလဲခဲ့ကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ပြုလုပ်ခဲ့သည့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည့် သဘောတူညီချက် ၁၃ ချက်အနက် တစ်ခု အပါအဝင်ဖြစ်သော သတင်းအတုအယောင် များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ က ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန် ဟူသည့် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About