မိုင်းပန်တွင် ဒေသခံ ၇၈ ဦးအား နှစ်ရှည် မြို့မြေငှားဂရန်များ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

မိုင်းပန်တွင် ဒေသခံ ၇၈ ဦးအား နှစ်ရှည် မြို့မြေငှားဂရန်များ ပေးအပ်


မျိုးညွန့်ရွှေ (မိုးနဲ)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းက ဒေသခံပြည်သူ ၇၈ ဦးအား နှစ်ရှည် မြို့မြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
 
.
မြေငှားဂရန် ပေးအပ်ပွဲတွင် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌထာန၏ မျှော်မှန်းချက်ဖြစ်သည့် ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တယားတည်ဆောက်ရေးအရသော်လည်းကောင်း၊ ပြည်သူများ၏ တင်ပြချက်အရသော် လည်းကောင်း ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွှေ့လျားဝန်ဆောင်မှုအနေဖြင့် မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းစစ်ဆေးပြီး ဒေသခံပြည်သူများအား နှစ်ရှည်မြေငှားဂရန်များ ထုတ်ပေးနိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
.
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က မိုင်းပန်မြို့၊ အနောက်ရပ်ကွက်နေ ဒေသခံပြည်သူ ၇၈ ဦးအား နှစ်ရှည် မြို့မြေငှားဂရန်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မိုင်းပန်တွင် ယင်းကဲ့သို့ နှစ်ရှည်မြို့မြေငှားဂရန် ထုတ်ပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
.
မိုင်းပန်မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၃၉ ရွာရှိပြီး အိမ်ခြေ ၃၇၄၀ အိမ်၊ အိမ်ထောင်စု ၃၇၆၂ စု၊ လူဦးရေစုစုပေါင်း ၁၆၃၉၀ ဦး ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About