မိုးနဲဟော်နန်း ပြန်လည်စွန့်လွှတ်ရေးအတွက် လင်းခေး NLD က တတိယ အကြိမ်မြောက် ထပ်မံတင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

မိုးနဲဟော်နန်း ပြန်လည်စွန့်လွှတ်ရေးအတွက် လင်းခေး NLD က တတိယ အကြိမ်မြောက် ထပ်မံတင်ပြ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ မိုးနဲဟော်နန်း ပြန်လည်စွန့်လွှတ်ရေးနှင့် လင်းခေး ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအ တွက် နေအိမ်လိုင်းခန်းများဆောက် လုပ်ပေးနိုင်ရေးတို့အတွက် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လင်း ခေးခရိုင်မှ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့ တတိယအကြိမ်မြောက်အဖြစ် ထပ်မံတင်ပြ တောင်းဆိုခဲ့သည်ဟု သိရသည်။
.

.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ပင်လုံမြို့တွင် ပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အ ခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လင်း ခေးခရိုင် NLD အတွင်းရေးမှူး ဦး အောင်မြတ်စိုးက တင်ပြခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
ထို့အပြင် ခရိုင်အတွင်းရှိ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံး များနှင့် ဝန်ထမ်းအိမ်ရာများ ဆောက် လုပ်ပေးရေး၊ မိုးနဲသုဿာန်တွင် လို အပ်နေသည့် မီးသင်္ဂြိုဟ်စက်တည် ဆောက်ရန်အတွက် ငွေကြေး ထောက်ပံ့ပေးနိုင်ရေးတို့ကို ရှမ်းပြည် နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့သည် ဟု ဦးအောင်မြတ်စိုးထံက သိရ သည်။
.
ကိုယ့်ဒေသအတွက် လိုအပ် တာတွေကို လူကြီးတွေလာမှ တင် ပြခွင့်ရတာ ဖြစ်တဲ့အတွက် အခု အ မေနဲ့ ဝန်ကြီးချုပ်ကို အခွင့်ရတုန်း တိုက်ရိုက် တင်ပြခဲ့တာဖြစ်ပါတယ်” ဟု ဦးအောင်မြတ်စိုးက ပြောသည်။
.
အဆိုပါ တင်ပြချက်တွင် လင်း ခေးခရိုင်သည် အညိုရောင်နယ်မြေ ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုး ရေး တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ ဝင်အင်အား နည်းပါးပြီး ရဲစခန်းများ မှာလည်း ခြံစည်းရိုး လုံခြုံမှု မရှိခြင်း၊ ဝန်ထမ်းအိမ်ရာများ အိုမင်းဟောင်း နွမ်းနေခြင်းတို့ကြောင့် ရဲတပ်ဖွဲ့ဝင် များ လုံခြုံစိတ်ချရပြီး လူနေမှုဘဝ မြင့်မားစွာ နေထိုင်နိုင်ရေးအတွက် အုတ်တံတိုင်းကာရံရေးနှင့် အိမ်ရာ အသစ်များ ဆောက်လုပ်ပေးနိုင်ရေး တို့ကို စာဖြင့် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ထို့အတူ ရှမ်းတိုင်းရင်းသားများ ၏ အမွေအနှစ်ဖြစ်သည့် မိုးနဲဟော် နန်းကို အစိုးရပိုင် အဆောက်အဦ အဖြစ်မှ ပြန်လည်စွန့်လွှတ် လွှဲပြောင်း ပေးနို်င်ပါရန်နှင့် ရှေးဟောင်းယဉ် ကျေးမှု ပြတိုက်အဖြစ် အသုံးပြုနိုင် ရန်တတိယအကြိမ် တင်ပြခဲ့ပြီး လင်း ခေးခရိုင်အတွင်းရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးများနှင့် ဝန် ထမ်းအိမ်ရာများမှာလည်း အိုမင်းနေ ပြီဖြစ်သဖြင့် အသစ်ပြန်လည် တည် ဆောက်ပေးရန် တင်ပြခဲ့ကြောင်း သိ ရသည်။
.
အလားတူ မိုးနဲမြို့ရှိ တိုင်းရင်း သားသုသာန်တွင် အသုံးပြုမည့် မီး သင်္ဂြိုဟ်စက် တည်ဆောက်ရန် ငွေ ကြေး လုံလောက်မှုမရှိဘဲ အခက် တွေ့နေရသဖြင့် လိုအပ်သည့် ငွေ ကြေးအား ရှမ်းပြည်နယ် အစိုးရမှ ထောက်ပံ့ပေးနိုင်ရေး တင်ပြခဲ့သည်။
.
လင်းခေးခရိုင်သည် ရှမ်းပြည် နယ်၏ တောင်ဘက် အစွန်ဆုံးရှိ ခရိုင်တစ်ခုဖြစ်ပြီး လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်မြို့များဖြင့် ဖွဲ့ စည်းထားကာ လမ်းပန်းဆက်သွယ် ရေးနှင့် လုံခြုံရေး အခြေအနေအရ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် ရှိနေ သည့် ခရိုင် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About