မိုးနဲတွင် ငွေကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးခြောက်များ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

မိုးနဲတွင် ငွေကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးခြောက်များ ဖမ်းဆီးရမိ


မျိုးညွန့်ရွှေ (မိုးနဲ)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် ၁၀ နာရီခန့်က နမ့်စန်-မိုးနဲလမ်းတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် နမ့်စန်ဘက်မှ မိုးနဲဘက်သို့‌ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကတ်နောက်ကျေးရွာနေ ယာဉ်မောင်း စိုင်းစံသိန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းတွင် အပြာရောင်မိုးကာအုပ်လျက် ပီနံအိတ် ၆ ဖြင့် ထည့်ထားသော ဆေးခြောက်ဟုယူဆရသည့် အရွက်၊ အရိုး၊ အစေ့ရောရာ ဘလောက်တုံး ၁၆ တုံးပါ အိတ်၊ ၁၂ တုံးပါ တစ်အိတ် စုစုပေါင်း ၉၂ တုံး၊ အလေးချိန် ၈၅ ကီလို၊ ဒေသကာလပေါက်ဈေး ငွေကျပ် ၂၅၅ သိန်းတန်ဖိုးရှိ ဆေးခြောက်များအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းစံသိန်းအား မိုးနဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About