မိုင်းခုတ်တွင် ငွေကျပ် သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 25, 2020

မိုင်းခုတ်တွင် ငွေကျပ် သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ တန့်ဆိုင်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ ညနေပိုင်းက ငွေကျပ် ၁၁၉၉၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၁ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းခုတ်မြို့၊ တန့်ဆိုင်းကျေးရွာအုပ်စု၊ ကျဘိုရှီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်တွေ့ရှိသူ ၅ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ၎င်းတို့မှ သယ်ဆောင်လာသည့် အိတ်များကို ပစ်ချ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါအိတ်များအား ဖွင့်ဖောက်စစ်ဆေးရာ ICE အလေးချိန် ၁၀ ကီလို၊ ဒေသကာလပေါက်ဈေး ကျပ်သိန်း ၂၀၀၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၉၉၆၀၀ ပြား၊ ဒေသကာလပေါက်ဈေး ၉၉၉၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၁၉၉၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၉) မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်သဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိ‌ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About