ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊
ဝမ်အွယ်ကျေးရွာအုပ်စု၊ ဝမ်မိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်က မီးလောင်မှုဖြစ်ပွားရာ
နေအိမ် ၅၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်ခြေ ၆၀ ခန့်ရှိသည့် ဝမ်မိုက်ကျေးရွာတွင်
အိမ်ခြေ ၅၂ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း
သိရသည်။
“ကျွန်တော်တို့ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေတော့ လိုအပ်တဲ့ ထောက်ပံ့ကူညီရေးတွေ
သွားနေကြပါတယ်။ အသေးစိတ် အချက်အလက်တော့ မသိရသေးပါဘူး” ဟု ကျိုင်းတုံခရိုင်မီးသတ်ဦးစီးဌာနမှူး
ဦးမျိုးဇင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“မိုင်းခတ်ထွေအုပ်နဲ့ ဌာနတွေ ပေါင်းစပ်ပြီးတော့ လတ်တလော ကူညီထောက်ပံ့ပေးတွေ
လုပ်ဖို့ ပြောထားပြီး ဖြစ်ပါတယ်။ ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနဲ့
ကျွန်တော်တို့ ကျိုင်းတုံခရိုင် ထွေအုပ်ကနေ ကူညီ ထောက်ပံ့ရေးအတွက် စီစဉ်နေပါတယ်” ဟု
ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသန်း
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် နွေရာသီတွင် တောမီးရှို့၍ အမဲလိုက်ခြင်း၊
တောင်ယာမီးရှို့ခြင်းနှင့် ပေါ့ဆမီးများ ကြောင့် နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိတတ်ကြောင်း
သိရသည်။
.
No comments:
Post a Comment