မဘိမ်းတွင် ငွေကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

မဘိမ်းတွင် ငွေကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းက ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၈ ရက်၊ ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါး သတင်းအရ မဘိမ်းမြို့နယ်၊ မဘိမ်း-မိုးမိတ်သွားလမ်းတွင် စောင့်ဆိုင်းနေစဉ် မိုးမိတ်ဘက်မှ မဘိမ်းဘက်သို့ ယာဉ်မောင်း လပါ (၄၅ နှစ်) မောင်းနှင်ပြီး ဇော်ယော် ၂၉ နှစ် လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၀၄၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၈၀ သိန်း အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ မန်တုံမြို့နယ်၊ လိုင်မောက်ကျေးရွာနေ လပါ (၄၅ နှစ်) နှင့် မန်ဆိုင်ကျေးရွာနေ ဇော်ယော် (၂၉ နှစ်) တို့အား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats